ခုံသမာဓိကောင်စီ၏ BAOMA Knitting သိုးမွှေးထိုးစက်ရုံ နှင့် အလုပ်သမား ဒေါ်ခင်လှဝင်း တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၈/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကင်းဝန်မင်းကြီးလမ်း၊ အမှတ် (၃၅၂၊ ၃၅၃) ရှိ Mr. Wujun (အလုပ်ရှင်)၊ ဒေါ်ရွှေရည်သိမ့် (HR manager)၊ ဦးအောင်နိုင်ဝင်း(စကားပြန်)(အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) BAOMA Knitting သိုးမွှေးထိုးစက်ရုံ နှင့် အလုပ်သမား ဒေါ်ခင်လှဝင်း တို့ အကြားဖြစ်ပွားသော အငြင်းပွားမှုအား မှော်ဘီ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဦးအောင်သန်း အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၈/၂၀၁၉) ဖြင့် ၁၄-၈-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (49)