ခုံသမာဓိကောင်စီ၏ Suzhou Silk Fashion (Myanmar) Co.,Ltd နှင့် ဒေါ်ခိုင်ခိုင်ထွန်း ပါ (၄) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၆၁/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်း၊ အမှတ် (၅၀၁) ရှိ Suzhou Silk Fahion (Myanmar) Co.,Ltd ပိုင်ရှင် Mr. Yang Wei၊ ဒေါ်ယုသိင်္ဂီဝင်း(စက်ရုံအကြံပေး)(အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် အလုပ်သမားဒေါ်ခိုင်ခိုင်ထွန်း ပါ (၄) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဦးဖေအောင်ဝန် အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးသင်းမောင်ဆွေ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၆၁/၂၀၁၈) ဖြင့် ၂၉-၈-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံ.. (239)