ခုံသမာဓိကောင်စီ၏ Sunshine Milestone Construction Service Co., Ltd နှင့် အလုပ်သမား ဦးထိန်လင်းထွန်း ပါ (၂) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၆/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၇)၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၁၂၅) ရှိ ဦးမြင့်စိုး (အလုပ်ရှင်) ၊ ဦးစောစိန်အောင်(ခ)ဦးသီဟဇော် (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) Sunshine Milestone Construction Service Co., Ltd နှင့် အလုပ်သမား ဦးထိန်လင်းထွန်း ပါ အလုပ်သမား (၂) ဦး တို့ အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဦးသောင်းစိန် အဖွဲ့ဝင်များ ဖြစ်သော ဒေါ်မြတ်မြတ်ကျော် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၆/၂၀၁၉) ဖြင့် ၂၆-၇-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (39)