ခုံသမာဓိကောင်စီ၏ Oil Tex Myanmar Limited (အိတ်ချုပ်စက်ရုံ) နှင့် ဒေါ်သန္တာအေး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၄၈/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၄)၊ စက်ဆရာဦးထွန်းလမ်း၊ အမှတ် (၄၈) ရှိ Oil Tex Myanmar Limited (အိတ်ချုပ်စက်ရုံ) ပိုင်ရှင် Mr. Wai Man Fong (MD), ဒေါ်လွင်လွင်ထိုက် (HR Manager) (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်သန္တာအေး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဦးသောင်းစိန် အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းမောင် နှင့် ဦးတင်ထွန်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၄၈/၂၀၁၈) ဖြင့် ၅-၇-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံသိရှိရန်.. (128)