ခုံသမာဓိကောင်စီ၏ ခိုင်မြဲခိုင်ကုမ္ပဏီ (City Bus Service Center) နှင့် ဦးကျော်ဖြိုးဝေ တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၄၆/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီး၊ YBS-20 ဝန်း ရှိ ခိုင်မြဲခိုင်ကုမ္ပဏီ (City Bus Service Center) ပိုင်ရှင် ဦးနိုင်အောင်အေး နှင့် အလုပ်သမား ဦးကျော်ဖြိုးဝေ တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဦးအောင်သန်း အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးမောင်မောင်အေး တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၄၆/၂၀၁၈) ဖြင့် ၄-၇-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံသိရှိနိုင်ပါရန်.. (185)