ခုံသမာဓိကောင်စီ၏ Mac Do ဆံပင်တုစက်ရုံ နှင့် ဒေါ်စိုးနွယ်ဦး (ပါ) အလုပ်သမား (၂) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂၅/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ အမှတ် (12-A) ရှိ Mac Do ဆံပင်တုစက်ရုံ ပိုင်ရှင် Mr. Kwak In Gyu (Director)၊ ဦးအောင်နိုင် (General Manager)(အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်စိုးနွယ်ဦး ပါ အလုပ်သမား (၂) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၅/၂၀၁၈) ဖြင့် ၁၈-၄-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံသိရှိနိင်ပါရန်... (182)