ခုံသမာဓိကောင်စီ၏ တက်လှိုင်းကုမ္ပဏီလီမိတက် နှင့် ဦးဇင်ကိုထက် ပါ (၃) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၂/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဆရာစံလမ်း၊ အမှတ် (၁၇၃/၁၇၄) ရှိ တက်လှိုင်းကုမ္ပဏီလီမိတက် ပိုင်ရှင် ဦးဟိန်းကိုသက်၊ ဦးပြည်အေးမောင် (မန်နေဂျာ)(အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် အလုပ်သမား ဦးဇင်ကိုထက် ပါ (၃) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးတင်ထွန်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၂/၂၀၁၈) ဖြင့် ၅-၃-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံသိရှိနိုင်ပါရန်... (147)