Freedom of Association and Dispute Resolution – The Laws and Practice အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း


အလုပ်ရုံဆွေးနွေးပွဲ တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်း ၏ Application and Practice of the Settlement of Labour Dispute Law ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ သည့် Presentation အား ဖတ်ရှုနိုင်ပါသည်. . .

“Freedom of Association and Dispute Resolution-The Laws and Practice” အလုပ်ရုံဆွေးနွေးပွဲ အား အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန(MOLES)၊ ILO နှင့် FES (Friedrich Ebert Stiftung)တို့ ပူးပေါင်း ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့တို့တွင် ရန်ကုန်မြို့ Kandawgyi Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်၊ မကွေးတက္ကသိုလ်တို့မှ ဥပဒေပါမောက္ခများ၊ အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေများ တက်ရောက်ကြပြီး၊ ILO အဖွဲ့ရုံးမှ အကြီးတန်းအရာရှိ Mr.Ross Wilson, ဘန်ကောက် ILO အဖွဲ့ရုံးမှ Legal expert Mr.Tim De Meyer, ITUC မှ Mr. Jeffery Vogt တို့အပါအဝင် အင်အား(၇၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ ILO အဖွဲ့ရုံးမှ အကြီးတန်းအရာရှိ Mr.Ross Wilson, FES (မြန်မာရုံး) မှတာဝန်ခံ ဒေါက်တာဒေါ်မျိုးမျိုးမြင့်တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အလုပ်သမား၊ အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်သူများက အုပ်စုလိုက်ဆွေးနွေးခဲ့ကြပြီး အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေတို့နှင့်ပတ်သက်၍ ဥပဒေဆိုင်ရာနှင့် လက်တွေ့ကျင့်သုံးမှု တွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အတွေ့အကြုံများအား ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။