ခုံသမာဓိကောင်စီ၏ Myanmar May Son Industries Co., Ltd နှင့် အလုပ်သမား ဦးချစ်ကိုကို တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် (၇၃/၂၀၁၆)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ် (၁) ရှိ Myanmar May Son Industries Co.,Ltd ပိုင်ရှင် ဦးကြည်စိုး(ခ) ဦးဘော်ကြူးကျိန်း နှင့် အလုပ်သမား ဦးချစ်ကိုကို တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိ ပါသဖြင့် ခုံသမာဓိကောင်စီသို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန်၊ အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင်နှင့် ဦးနေမင်း တို့ပါဝင် သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေ ထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၇၃/၂၀၁၆) ဖြင့် ၁၀-၁၀-၂၀၁၆ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-