အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မလေးရှားနိုင်ငံတွင် ကျင်းပသည့်(၁၀) ကြိမ်မြောက် အာဆီယံ+ ၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးတက်ရောက်ရာမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည်မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့တွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် အာဆီယံ+ ၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေး (ALMM +3) တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် အာဆီယံ +၃ အဆင့်မြင့်အလုပ် သမား အရာရှိကြီးများအစည်းအဝေး၏အစီရင်ခံစာ ကိုအတည်ပြုခြင်း၊၂၅ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်း အဝေး၏ အနှစ် သာရ ဖြစ်သော“အာဆီယံအသိုက်အဝန်း၏ အလုံးစုံတိုးတက်မှုနှင့် ညီမျှမှုအတွက် သစ်လွင် လတ်ဆတ်သော အလုပ် အကိုင်များ တိုးမြှင့်ရေးဆိုင်ရာ အာဆီယံကြေညာစာတမ်း” အပေါ် အာဆီယံနိုင်ငံများနှင့်  အာဆီယံ+၃ နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့က ၎င်းတို့၏ အမြင်နှင့် သုံးသပ်ချက်များကို အသီးသီးဖလှယ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ယခုနှစ် 25thALMM ၏အနှစ်သာရကို အခြေခံ၍ သစ်လွင်လတ်ဆတ် သောအစီမ်းရောင်၏စွမ်းအားကို အပြုသဘောဆောင်၍ ရှု့ထောင့်အမျိုးမျိုးမှ စဉ်းစားသုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းဖြင့် ကောင်းမွန်သော အုပ်ချုပ်မှစနစ်တည်ဆောက်နိုင်မည်ဟု ရှု့မြင်သုံးသပ်ကြောင်း၊ ယနေ့ခေတ်တွင် မိမိတို့၏ကြုံတွေ့နေရသော ပြဿနာရပ်များကို ဖြေရှင်း ဆောင်ရွက်ရာ၌ နည်းလမ်းသစ်တစ်ရပ် လိုအပ်ပါကြောင်း၊ “အစိမ်းရောင်”ဟူသော စကားလုံးကို ထပ်မံ အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မပြုရုံသာမက ငြိမ်းချမ်းမှု၊သဟဇာတဖြစ်မှု၊လေးစားမှု၊ဝေမျှခံစားမှု၊ တန်းတူရည်တူရှိမှုနှင့် ဂရုဏာထားမှု တို့ကို ပါဖော်ပြပါကြောင်း၊ အနာဂတ်တွင် အာဆီယံကိုစီမ်းလန်း၊ လုံခြုံစိတ်ချရ၍ ချမ်းသာကြွယ်ဝသော ဒေသတစ်ခုဖြစ်စေရန် မျှော်မှန်းပြီး အတူတစ်ကွ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် တက်ရောက်ခဲ့ သည့်  ၂၅ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီး ၃၀-၁၁-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ကြောင်း သတင်းရရှိပါသည်။

002

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၂၅ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲ အခမ်းအနား တွင်အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်