ဗီယက်နမ်နိုင်ငံ၊ Nha Trang မြို့တွင် ၁၈-၉-၂၀၁၈ ရက်နေ့မှ ၂၀-၉-၂၀၁၈ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၅) ကြိမ်မြောက် အာဆီယံလူမှုဖူလုံရေးအသင်း (ASSA) ဘုတ်အဖွဲ့ အစည်းအဝေး သို့ လူမှုဖူလုံရေးအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့

ဗီယက်နမ်နိုင်ငံ၊ Nha Trang မြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၅) ကြိမ်မြောက် အာဆီယံလူမှုဖူလုံရေးအသင်း(ASSA) ဘုတ်အဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင် သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြပြီး ASSA ဘုတ်အဖွဲ့ဝင် (၉)ဦး၊ အဖွဲ့ဝင်များ ကိုယ်စားတက်ရောက်သူ (၉)ဦး၊ အဖွဲ့အစည်းပေါင်း (၁၇) ခုမှ ကိုယ်စားလှယ်ပေါင်း (၈၈)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသည် အရှေ့တောင်အာရှဒေသများရှိ လူမှုဖူလုံရေးအဖွဲ့များ၊ အခြား သက်ဆိုင်ရာ မိတ်ဖတ်အဖွဲ့အစည်းများနှင့် လူမှုဖူလုံရေးစီမံကိန်းဆိုင်ရာ ဒေသတွင်းဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ (၃၅) ကြိမ်မြောက် အာဆီယံလူမှုဖူလုံရေးအသင်း (ASSA) ဘုတ်အဖွဲ့ အစည်းအဝေးကို အောက်ပါ အစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်-

(က) ၁၈-၉-၂၀၁၈ ရက်နေ့တွင် ရောက်ရှိမှတ်တမ်းတင်ခြင်း၊ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း၊ Panel Forum ” Migration movement in ASEAN Countries and developing world: what to do” ကျင်းပခြင်း၊

(ခ) ၁၉-၉-၂၀၁၈ ရက်နေ့တွင် ASSA Recognition Award ceremony ကျင်းပခြင်း၊ ASSA member များက “Sharing of Good practices” ပြုလုပ်ခြင်း၊ ASSA Board Meeting ကျင်းပခြင်း၊ ASSA Secretariat Meeting ကျင်းပခြင်း၊

(ဂ) ၂၀-၉-၂၀၁၈ ရက်နေ့တွင် လေ့လာရေးခရီးစဉ် (Caultural visit) အဖြစ် Mieu Island ရှိ Tri Nguyen Aquarium၊ Khanh Hoa Province ရှိ Long Son pagoda, Po Nagar Cham Towers တို့သို့ လေ့လာကြည့်ရှုခြင်း၊

၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် 36th ASSA Board Meeting ကို ဘရူနိုင်းဒါရူဆလင်နိုင်ငံ၊ ဘန်ဒါဆရီဘန်ကာ၀ပ်မြို့တွင် စက်တင်ဘာ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်းသိရှိရပါသည်။

2
(၃၅) ကြိမ်မြောက် အာဆီယံလူမှုဖူလုံရေးအသင်း (ASSA) ဘုတ်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ

3
၁၉-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပသော ASSA Good Practices တွင် မြန်မာကိုယ်စားလှယ် “Social Security Reforms in Myanmar” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးနေပုံ

4
(၃၅) ကြိမ်မြောက် အာဆီယံလူမှုဖူလုံရေးအသင်း (ASSA) ဘုတ်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ် (၂) ဦး