အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ဇူလိုင်လ ၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် (အလုပ်သမားရေးရာဆိုင်ရာ) ဝန်ထမ်းများနှင့် နေပြည်တော်ရှိ ရုံးအမှတ်(၅၁)၊ စုဝေးခန်းမ၌ ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ မှ တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနရှိ ဝန်ထမ်းများအားစုစည်းတွေ့ဆုံရခြင်းမှာ ဝန်ထမ်းများ၏ ဆန္ဒသဘောထားများနှင့် အကြံပြု ချက်များကိုသိရှိရန်နှင့်သိသင့်သိထိုက်သည်များကိုပြောကြားရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန ဆန္ဒဖော် ထုတ်ပွဲများကို တာဝန်ရှိသူများဦးစီး၍ လစဉ်ဌာနအလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနတွင် ရှိကြသည့် ဝန်ထမ်းများအားလုံးက မိမိတို့၏လုပ်ငန်းတာဝန်များကို စေတနာထား၍ကျေပွန်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုအောင်မြင်ရေးသည်အောက်ခြေရှိ ဝန်ထမ်းများ မှ ပြည်ထောင်စုဝန်ကြီးအထိ အားလုံးတွင်တာဝန်ရှိပါကြောင်း၊ အားလုံးမိမိတို့တာဝန် များကိုခွဲဝေ ထမ်းဆောင်နေကြခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး တက်ညီလက်ညီကြိုးစားဆောင်ရွက် ရန်အရေးကြီးပါကြောင်း၊ ဌာနတွင်ရှိကြသည့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မားလာမှ သာလျှင် ဌာနများ၏စွမ်းဆောင်ရည်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ဌာနအသီးသီး၏ စွမ်းဆောင် ရည်မြင့်မားလာမှသာလျှင် ဝန်ကြီးဌာန စွမ်းဆောင်ရည်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ အချို့ ဝန်ထမ်းများအနေဖြင့်အလုပ်ကို ကြိုးစားလုပ်ဆောင်ကြသည်ကို တွေ့ရှိရပါကြောင်း၊ အရည်အချင်း ရှိခြင်း၊ ကြိုးစားလုပ်ဆောင်ခြင်း၊ စေတနာထားခြင်း၊ ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးပြေပြစ်ခြင်း တို့သည် အကောင်းဆုံးဝန်ထမ်းဖြစ်ပါကြောင်း၊ အဆိုပါဝန်ထမ်း၏ ဂုဏ်သတင်းသည်လည်းမွေးပျံ့ နေမည်ဖြစ်ပါကြောင်း၊ ထိုသို့သောဝန်ထမ်းမျိုးများစွာရှိရန်လိုပါကြောင်း၊ တစ်ချို့ဝန်ထမ်းများသည် ဌာနစွဲအလွန်ထားရှိသောကြောင့် အခြားဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိကာ ဝန်ကြီးဌာန၏ပုံရိပ်သည်ပျောက်ကွယ်သွားနိုင်ပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း နှောင့် နှေးကြန့်ကြာခြင်းများရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနများ၏အလုပ်ကို မိမိအလုပ် မိမိတို့အားလုံး၏ အလုပ်တာဝန်များဟူ၍ စေတနာထား၊ကိုယ်ချင်းစာထား၍ညီညီညာညာမိသားစုစိတ်ဖြင့်  လုပ်ကိုင် မည်ဆိုပါက လုပ်ငန်းများပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ဝန်ထမ်းကောင်းများသည်ပေးအပ်သည့် တာဝန်နှင့်တွေ့ကြုံရသည့်အခက်အခဲများ၊စိန်ခေါ်မှုများကိုအခွင့်အရေးများအတွေ့အကြုံအသစ်များ ဟုရှု့မြင်၍ နည်းလမ်းရှာကြံကာ အောင်မြင်အောင် ဆောင်ရွက်တတ်သူများ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည်လုပ်ငန်းတာဝန်များကို နည်းလမ်းများရှာကြံ၍ အောင်မြင်အောင် တက်ကြွစွာကြိုးစား လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ထို့အပြင်ဝန်ထမ်းများအားလုံးအနေဖြင့်မိမိကိုယ်မိမိအရည်အချင်းရှိစေရေး အစဉ်ကြိုးစားနေကြရန် နှင့် ဆက်စပ်ဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ထို့အတူဝန်ကြီးဌာန အချင်းချင်းချိတ်ဆက်ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင်လည်း အချိန်မီပြည့်ပြည့်စုံစုံပေးပို့ဆောင် ရွက်ရန်လည်းလိုအပ်ပါကြောင်း၊သို့မှာသာမိမိဌာန၏ ဂုဏ်သတင်းသည် မွှေးပျံ့မည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ သင်တန်းကိစ္စရပ်များ အနေဖြင့် ဌာနတွင်းသင်တန်းများ၊ အခြားသောသင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ ဖွင့်လှစ်သည့် သင်တန်းများနှင့် နိုင်ငံခြားသင်တန်းများသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုအရ အချိန်ကုန်ခံ၊ ငွေကြေး အကုန်အကျခံ၊ လုပ်အားများအဆုံးရှုံးခံဖွင့်လှစ်ပေးထားပါသဖြင့် အဆိုပါသင်တန်းများကို တက်ရောက်ကြရာတွင် မိမိ၏အရည်အချင်းများကို ပိုမိုတိုးတက်စေရန်နှင့် မိမိဌာနတွင်အကျိုးရှိစွာ အသုံးချနိုင်စေရန် အလေးထားကြိုးစား သင်ယူစေလိုပါကြောင်း၊ ထို့အတူ ပြည်ပနိုင်ငံများသို့ သင်တန်းများ၊ လေ့လာရေးခရီးများ ၊ဆွေးနွေးပွဲများသွားရောက်ရာတွင်လည်း သွားရောက်ရမည့် ရည်ရွယ်ချက်နှင့် မိမိနှင့်သက်ဆိုင်သည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာသိရှိထားရန်လိုအပ် ပါကြောင်း၊ သို့မှသာမိမိနိုင်ငံအတွက်အကျိုးရှိမည့် တောင်းဆိုချက်များ၊ အားသာချက်များကိုပိုင်ပိုင် နိုင်နိုင်ထောက်ပြပြောဆိုနိုင်မည်ဖြစ်ပြီး မိမိနိုင်ငံအတွက် အကျိုးကျေးဇူးများပိုမို ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံခြားသို့သွားရောက်သူများအနေဖြင့် နိုင်ငံကိုယ်စားပြု သွားရောက်ခြင်း ဖြစ်သဖြင့် သွားရောက်ရမည့်ကိစ္စအတွက် ထဲထဲဝင်ဝင်ပိုင်နိုင်စွာ အချက်အလက်ကျကျသိရှိနားလည်ဆွေးနွေး ပြောဆိုနိုင်ခြင်းဖြင့် နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဌာနကို တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွင့်လှစ်ထားသည်ကို လည်းသိရှိမည် ဖြစ်ပါကြောင်း၊ ထို့အတွက် အောက်ခြေရှိရုံးများအနေဖြင့် အသစ်ဖွင့်လှစ်သည့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကြုံတွေ့ရသည့် လိုအပ်ချက်များကိုလည်း တင်ပြစေလိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ရုံးချုပ်မှ ဖြည့်ဆည်း ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု Fonts ကိုစတင်အသုံးပြုနေပြီဖြစ်ရာ ပြင်ဆင်သင့်သည်များကို ဆောင်ရွက်ပြီးဖြစ် မည်ကိုလည်းယုံကြည်ပါကြောင်း၊ နိုင်ငံတော်မှ လျှပ်စစ်မီတာခများနှင့်ပတ်သက်၍ အရှုံးခံနေရ သဖြင့် ထိုအရှုံးများကိုကာမိစေရန်နှင့် လိုအပ်သည့် နေရာများကိုလျှပ်စစ်အလင်း ပေးနိုင်ရန်ဆောင် ရွက်ခြင်းဖြစ်သည်ကို ဝန်ထမ်းများအနေဖြင့်သိရှိစေလိုကြောင်း၊ ထို့အတွက်လျှပ်စစ်မီးကို လိုအပ် မှသာဖွင့်၍မလိုအပ်ပါက ပိတ်ထားခြင်းဖြင့် လျှပ်စစ်မီး မရရှိသေးသည့်ဒေသများကို လျှပ်စစ်မီးပေး စွမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် H1 N1 တုပ်ကွေးရောဂါအကြောင်းကိုသိရှိ မှာဖြစ်ပါကြောင်းသို့ဖြစ်ပါ၍ကြိုတင်ကာကွယ်ခြင်းသည်အထိရောက်ဆုံးနည်းလမ်းဖြစ်ရာ ကျန်းမာ ရေးဦးစီးဌာနမှထုတ်ပြန်ချက်များကိုအလေးထားလိုက်နာဆောင်ရွက်စေလိုကြောင်း၊ နိဂုံးချုပ်အနေ ဖြင့် ဝန်ထမ်းများအနေဖြင့်ပြောင်းလဲလာသည့် ခေတ်စနစ်အခြေအနေပေါ်မူတည်၍ သိရှိနိုင်ရန် နှင့် အနာဂတ်ကာလတွင် မိမိ၏အကျိုး၊ မိသားစု၏ အကျိုး၊ မိမိတို့ဌာန၏အကျိုး၊ နိုင်ငံတော်၏ အကျိုး ကိုသယ်ပိုးနိုင်ရန်စေတနာထား၍ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့်ပါဝင်ဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို (၁၀:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။