အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ဇန်နဝါရီ လ ၂၂ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၏အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်အသုံးပြု၍ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆို်ငရာမှတာဝန်ရှိသူများ၊ အလုပ်သမား  ညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသူ/သင်တန်းသား အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စည်းကြပ်ဆောင်ရွက် နေသည့် ၁၉၂၃ခုနှစ်၊ အလုပ်သမားလျော်ကြေးအက်ဥပဒေ၊ နည်း‌ဥပဒေ၊ ၁၉၄၈ ခုနှစ်၊ အလုပ်အကိုင် ဆိုင်ရာစာရင်းစစ်တမ်းယူခြင်းအက်ဥပဒေ၊ ၁၉၅၉ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေ၊ နည်းဥပဒေ၊ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၊ ၂၀၁၁ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ နည်းဥပဒေ၊ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေ၊ နည်းဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေများကိုအရာထမ်းများ ပိုမိုသိရှိနားလည်စေပြီး မွမ်းမံသင်တန်းများ ပြန်လည်သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။

          ဦးစီးဌာနများမှ စည်းကြပ်သည့် ဥပဒေများ၊ နည်းဥပဒေများအပြင် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနရုံးဖွင့်လှစ်ရခြင်းမရှိသေးသည့် မြို့နယ်များတွင် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနကမြို့နယ်တာဝန်ခံများအနေဖြင့်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ အတွင်းရေးမှူးတာဝန်ယူဆောင်ရွက် ရပြီး ဌာနတစ်ခုတည်းကဖြေရှင်း၍မရသည့် အလုပ်သမားအငြင်းပွားမှုကို ပေါင်းစပ်ညှိနှိုင်းရမှုများ ရှိသည့်အတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရသည့်ဌာနများ၏ ဥပဒေများ၊ နည်းဥပဒေများကိုလည်း သိရှိ နားလည်ရန်လိုအပ်ပါကြောင်း။Covid-19 ရောဂါမဖြစ်ပွားမီအချိန်တွင် အလုပ်ရှင်၊ မန်နေဂျာနှင့် Super ၊ Leader  အလုပ်သမားများကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး အသိပညာပေးဆွေးနွေးပွဲ များပြုလုပ်ခဲ့ပြီး Covid-19 ကာလ၌လည်း Online မှတစ်ဆင့်အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်နေ ခဲ့ပါကြောင်း။ အလုပ်ရှင်၊ အလုပ်သမားများကို အသိပညာမြှင့်တင်ခြင်းသည် စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများတွင် လုပ်ငန်းခွင်အေးချမ်းသာယာခြင်း၊ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးကောင်းမွန်ပြီး ကုန်ထုတ်စွမ်းအားတိုးတက်ခြင်း၊ ဥပဒေပါအကျိုးခံစားခွင့်များသိရှိခြင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စွာကျင့်သုံးတတ်ခြင်းနှင့် ခေါင်းဆောင်မှု၊ ကြီးကြပ်မှု၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘော တူညီချက် စာချုပ်ပါအချက်များ နားလည်သိရှိစေခြင်းစသည့် အကျိုးကျေးဇူးများရရှိ မည်ဖြစ်ပါ ကြောင်း။ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်၍ ထိရောက်ပြီး အကျိုးရှိသည့် လုပ်ငန်းဆောင်ရွက်ချက်ဖြစ်စေရန် Covid-19 ကာလ အလွန်တွင်လည်း New Normal အရ အသိပညာပေးဆွေးနွေးပွဲများကို Online ဖြင့် ပိုမိုတိုးမြှင့်် ဆောင်ရွက်နိုင်ရေး အရာ ထမ်းများကို ယခုကဲ့သို့စွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်း ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း။

ယခုဖွင့်လှစ်မည့် သင်တန်းတွင် အလုပ်သမားလျော်ကြေးငွေများ ရရှိအောင်ဆောင်ရွက်ပေး ရမည့် နည်းလမ်းများ၊ အနည်းဆုံးအခကြေးငွေကို သတ်မှတ်ထားသည့်နှုန်းအတိုင်း ရရှိအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ECစာချုပ်ချုပ်ဆိုခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ရရှိမည့် အကျိုးကျေးဇူးများ၊ စာရင်းအင်းအရေးပါမှုနှင့် လုပ်သားဆိုင်ရာ စာရင်းအင်းများ ကောက်ယူ မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ စည်းမျဉ်းစည်းကမ်းများ၊ ငွေစာရင်းထိန်းသိမ်းရေးဆိုင်ရာ အချက်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အလုပ်သမားအဖွဲ့အစည်းဆိုင်ရာကိစ္စရပ် များ၊ အာဆီယံအလုပ်သမားရေးရာနှင့် ILO ရေးရာကိစ္စရပ်များ၊ အလုပ်ခန့်ထားမှုဆိုင်ရာကိစ္စရပ်များ၊ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကိစ္စရပ်များ၊ မိတ်ဖက်ဌာနများမှလည်း အလုပ်သမား ဥပဒေပါခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးရမည့် နည်းလမ်းများနှင့် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးနည်းလမ်းများ ဆွေးနွေးပို့ချပေးမည် ဖြစ်ကြောင်းကိုတွေ့ရှိရပါကြောင်း။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာရှိသည့် အရာထမ်းများအနေဖြင့် ယခုသင်တန်းက ဆွေးနွေးပို့ချမှုများကို လေ့လာမှတ်သားကာ လက်တွေ့မြေပြင်မှာ ကြုံတွေ့နေရသည့် အလုပ်ရှင်၊ အလုပ်သမားပြဿနာများ၊ အလုပ်သမားရေးရာကိစ္စရပ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်ပြီး လုပ်ငန်းများဆောင်ရွက်ပါက ပိုမိုကောင်းမွန်သည့် ရလာဒ်များရရှိနိုင်မည်ဖြစ်ပါကြောင်း။ ရှေ့ဆက် လက်၍ အလုပ်သမားရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာဖြေရှင်းနိုင်မှာဖြစ်ပြီး ထိရောက်ကောင်း မွန်သည့် အသိပညာပေးဆွေးနွေးမှုများ စဉ်ဆက်မပျက်ပြုလုပ်ဆောင်ရွက်သွားပါက အလုပ်ရှင်၊ အလုပ်သမားပြဿနာဖြစ်ပွားမှုများ လျော့နည်းစေလာမည်ဖြစ်ကာ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင် အခြေအနေများကိုပေါ်ပေါက်လာပြီး အလုပ်ရှင်၊အလုပ်သမားများနှင့် ဒေသအသီးသီးရှိ အစိုးရအဖွဲ့ များ၏ ယုံကြည်ကိုးစားမှုကို ရရှိမည်ဖြစ်ပါကြောင်း။

အရာထမ်းများအနေဖြင့် နည်းပညာပြောင်းလဲတိုးတက်လာမှုကြောင့် လုပ်ငန်းကျွမ်းကျင်မှု ရှိရုံသာမက နည်းပညာများကိုအသုံးချပြီး အလုပ်သမားများကို အသိပညာများကိုဖြန့်ဝေပေးနိုင်ရန် စိန်ခေါ်မှုများကို ကြိုးစားရင်ဆိုင်၍ မိမိတို့ ဝန်ကြီးဌာန၊ ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် ဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာ၍ ခေတ်စနစ်နှင့်အညီ အလုပ်သမားရေးရာ ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်၍  သေချာသိရှိ နားလည်ထားနိုင်ရန်လိုအပ်သည့် အတွက် ဂရုတစိုက်လေ့လာသင်ယူမှတ်သားကြရန် အထူးလိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် မှ သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါသင်တန်းကို Online မှ ရက်သတ္တပတ် ၂ ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။