အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်  ၊၁၅-၅-၂၀၂၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် UNICEF MYANMAR မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi ဦးဆောင်သောအဖွဲ့အား ယနေ့ ညနေ ၁၅:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Digital Meeting စနစ်ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လက်ရှိမြန်မာနိုင်ငံတွင် ဝန်ကြီးဌာန အနေဖြင့် ကလေးအလုပ်သမားပပျောက်ရေး ကိုဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်ပါဝင်သည့် ကလေး သူငယ်များအား ၎င်းတို့၏ နေရပ်များသို့ လက်ရှိအခြေအနေတွင် သွားလာမှုကန့်သတ်ချက်များအရ တိုက်ရိုက်ပို့ဆောင် ခြင်းမပြုသေးဘဲ လူမှုဝန်ထမ်းကယ်ဆယ်ရေး သင်တန်းကျောင်းများတွင်ခေတ္တစောင့်ရှောက်ထားရှိပါကြောင်း၊ အဓ္ဓမ ခိုင်းစေမှုပပျောက်ရေးအတွက် ဒုတိယသမ္မတ(၁)ဦးစီး၍ ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံကလေး အလု်ပသမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်း၍ အဆိုပါ ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ(၈)ခုတွင် ဥပဒေရေးရာ လုပ်ငန်းကော်မတီပါဝင်ပြီး ၎င်း၏ လုပ်ငန်းတာဝန်များ တွင် ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ၊ ကလေးအလုပ်သမားဥပဒေ သုံးသပ်ပြင်ဆင်ခြင်းကိစ္စရပ်များဆောင်ရွက်ရာတွင် Overlap မဖြစ်စေ ရေးသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ကလေးသူငယ်ဆိုင်ရာဥပဒေများရေးဆွဲရာတွင် အလုပ်သမားပိုင်းဆိုင် ရာနှင့်ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့်ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် INGO , NGO အဖွဲ့များ၏ အကြံဉာဏ်များရယူ၍ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လတ်တလော တွင် ဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိသော ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းအမျိုးအစား များ နှင့် လုပ်ငန်းခွင်စာရင်း ထုတ်ပြန်နိုင်ရေးကို တိုင်းဒေသကြီး/ပြည်နယ်များ အချက်အလက်များ တောင်းခံရရှိပြီး ILO နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စံနှုန်းများနှင့်အညီ ရေးဆွဲဆောင်ရွက် လျက်ရှိပြီးအမြန်ဆုံး ထုတ်ပြန်နိုင်ရေးစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ UNICEF အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား အချိန်တိုအတွင်းသိရှိခွင့် ရရှိခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၂၂ ငါးနှစ်စီမံကိန်းအား ဝန်ကြီးဌာန ၉ ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး မိမိ တို့ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင်အနီးကပ်ထဲထဲဝင်ဝင်ဆောင်ရွက် မှုမရှိသေး သော်လည်းလိုအပ် ပါကပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးကိုတိုင်းဒေသ ကြီး/ပြည်နယ် ၅ ခုတွင် ILO နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကလေးအလုပ်သမားပပျောက်ရေးအတွက် မိမိတို့နိုင်ငံအစီအစဉ်ဖြင့်ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ နှင့်ပတ်သက်၍လည်းကောင်း၊ COVID-19 ကပ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုများတွင် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအနေအထားတွင် နည်းပါးသည့် အနေအထားတွင် ရှိပြီး အခြားနိုင်ငံများနှင့်ဆက်စပ်ဆောင်ရွက်မှုရှိသည့်အတွက် လူမှုရေးနှင့်စီးပွားရေးကဏ္ဍများတွင် ထိခိုက်ဆုံးရှုံးမှုကြောင့်ပြည်တွင်း/ပြည်ပများတွင် Formal Sector  Informal Sector များတွင် အလုပ်လက်မဲ့ ဖြစ်ပေါ်မည့်အင်အားအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ အစိုးရအနေ ဖြင့်စီးပွားရေးပြန်လည် နလန်ထူနိုင်ရေးအတွက် World Bank နှင့် IMF တို့၏ အကူအညီများဖြင့် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။