အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံ ရေးဦးစီးဌာနရှိ အရာထမ်းများ၏ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် လုပ်ငန်း စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော် ၊ဒီဇင်ဘာ ၂၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အရာထမ်းများအား အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲ(၁၄:၀၀)နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခမ်းမ၌ Video Conferencing စနစ်အသုံးပြု၍ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆို်ငရာမှတာဝန်ရှိသူများ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာနမှ သင်တန်းနည်းပြများ၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ အရာထမ်းများအပါအဝင် စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ် သည့် သင်တန်းသည် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား အလုပ်သမား ရေးရာအငြင်း ပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များ၏ ဆိုလိုချက်များကိုသိရှိရန်၊ ပြင်ဆင်သည့်ဥပဒေတွင် အခွင့်အရေးဆိုင်ရာအငြင်း ပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအဖြစ်ခွဲခြား သတ်မှတ်ထားခြင်းကြောင့် အငြင်းပွားမှု များအား ရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားသိရှိစေရန်၊ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်မှုရှိစေရန်နှင့် ဆက်စပ်ဌာနများ၏ စည်းကြပ်ဆောင်ရွက် နေသော ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်မှုရှိစေရန်နှင့် ရုံးလုပ်ငန်းများစနစ်တကျဆောင် ရွက်စေရန် TOT စနစ်ဖြင့် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်ရှင်၊ အလုပ်သမား များသို့ထပ်ဆင့် အသိပညာပေး ဆွေးနွေးစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့်သင်တန်းကို ရက်သတ္တပတ် (၅) ပတ် အတွင်း Online ဖြင့်သင်ကြားပို့ချ သွားမည်ဖြစ်ပြီး ပြင်ပမှသင်တန်းနည်းပြများအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ
သင်ကြားပို့ချမည့်အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှလည်း အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များအပါအဝင် ဆက်စပ်သည့် ဥပဒေများကို သင်ကြားပို့ချ သွားမည်ဖြစ်ပါကြောင်း။
လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများ၊ အသိပညာပေးမှုများကို စဉ်ဆက် မပြတ်ဆောင်ရွက်ခြင်းဖြင့် Human Resource Development ဖြစ်လာသည်သာမက ASEAN LABOUR MINISTERS'(ALM) Work Programme 2021-2025 ကို အားဖြည့်ရာရောက်သည့်အပြင် သင့်လျော်ကောင်းမွန်ပြီး လုံခြုံမှုရှိသော လုပ်ငန်းခွင်ဆက်ဆံရေးစနစ်များ တိုးမြှင့်နိုင်မှာဖြစ်ပြီး ဝန်ကြီးဌာနနှင့် ILO တို့ လက်မှတ်ရေးထိုးထားသော Decent Work Country Programme ကို အကျိုးပြုမည့်အပြင် Decent Work Country Programme ပါ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ရမည့်ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက် အကူပြုနိုင်မည်ဖြစ်ပြီးအလုပ်သမားရေးရာအငြင်းပွားမှုများဖြေရှင်းရာတွင် စေ့စပ်ညှိနှိုင်းဖျန်ဖြေရေး ကျွမ်းကျင်မှု အရည်အသွေးမြင့်မားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အလုပ်သမားဥပဒေများ၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် နည်းဥပဒေ များတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်း များပြုလုပ်ခြင်းဖြင့် မြေပြင်တွင်လက်တွေ့ဆောင်ရွက်နေသော တာဝန်ခံအရာရှိများသည် အငြင်း ပွားမှုအား လက်တွေ့အကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်ရာတွင် နားလည်မှုလွဲမှားသည့် ဖြစ်စဉ်များ ကင်းဝေးစေမည်ဖြစ်သည့်အပြင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အသိပညာပေးသင်တန်းများ ပြုလုပ်ခြင်းဖြင့် အလုပ်ရှင်နှင့်အလုပ်သမား အကြား ဆက်ဆံရေးတိုး တက်ကောင်းမွန်လာနိုင်မည်ဖြစ်ပြီးလုပ်ငန်းခွင်အတွင်းပဋိပက္ခဖြစ်ပွားမှုများလျော့နည်း၍ကောင်း မွန်သော လုပ်ငန်းခွင် အခြေအနေများကို ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါကြောင်း။
အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ အထက်အဆင့်ဆင့်သို့ တက်ရောက်မှု နည်းပါးစေရေးနှင့် အောက်ခြေအဆင့်တွင် အမှုများပြီးပြတ်မှုရှိစေရေးအတွက် မြို့နယ်အဆင့်ညှိနှိုင်းဖျန်ဖြေရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုလားချက်များအပေါ် အတတ်နိုင်ဆုံး ဖျန်ဖြေညှိနှိုင်းခြင်းဖြင့် လည်းကောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု ပိုမိုလုပ်ဆောင်ခြင်းနှင့် WCC တိုးမြှင့်ဖွဲ့စည်းနိုင်ရေး အလေးထား တွန်းအားပေးဆောင်ရွက်ခြင်းဖြင့်လည်းကောင်း လုပ်ဆောင်သွား ရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်တွင် အမှုတွဲလွှဲပြောင်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေးလိုအပ်ပါက သက်ဆိုင်ရာ ဌာနများမှ ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ရန်နှင့် အလုပ်သမားများအနေဖြင့် အလုပ်ရှင်၏ စီမံ ခန့်ခွဲမှုအရ လုပ်ဆောင်ပေးရမည့်အချက်များကို တောင်းဆိုသည့် ကိစ္စရပ်များဖြစ်ပါက ပြေငြိမ်းမှု ရရှိစေရန်အတွက် WCC တွင်ညှိနှိုင်းစေပြီး ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာမြို့နယ်တာဝန်ခံ အရာရှိများမှ ပေါင်းစပ်ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အရာထမ်း များအနေဖြင့် မိမိစည်းကြပ်သောနယ်မြေများမှ အငြင်းပွားမှုများဖြေရှင်းရာတွင် လုပ်ငန်းခွင်အဆင့် နှင့်မြို့နယ်အဆင့်၌ အောင်မြင်မှုရရှိစေရန်ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့အရာထမ်းများ အနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ စွမ်းဆောင်ရည်ရှိမှု၊ ခိုင်မာကောင်းမွန် သည့် စည်းမျဉ်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်မှုနှင့် ကိုယ်ပိုင်အရည်အသွေးများ ရှိအောင် နေထိုင်ကျင့်ကြံ ဆောင်ရွက်ပြီး နိုင်ငံတော်၏အကျိုးကို ထိထိရောက်ရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်တဲ့နိုင်ငံသားများဖြစ်အောင်ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်းတိုက်တွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ညနေ ၁၄:၄၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။