အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines တို့အားသီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၆  ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၀၉:၃၀နာရီအချိန်တွင် နေပြည်တော်ရှိအဆိုပါ ဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် နှင့်အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိသည်။

ထိုသို့တွေ့ဆုံရာတွင်မြန်မာနိုင်ငံ၌အထည်ချုပ်လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရာတွင် ဥရောပ သမဂ္ဂမှထောက်ပံ့ကူညီပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ကူးဆက် ရောဂါဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံရှိ စက်ရုံ၊အလုပ်ရုံများတွင် ကုန်ကြမ်းပစ္စည်း ပြတ်လပ်၍ စက်ရုံများပိတ်သိမ်းရမည့် အခြေအနေများမှ ကာကွယ်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများ၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက် ၍ လည်းကောင်း၊ မြန်မာနိုင်ငံတွင်ကျင့်သုံးဆောင်ရွက် အလုပ်သမားအဖွဲ့အစည်း ဥပဒေပြင်ဆင် ဖြည့်စွက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေပြင်ဆင်ရာတွင် အငြင်းပွားမှုနှင့် ပတ်သက်၍ အကျိုးစီးပွားဆိုင်ရာ/အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုများနှင့်ပတ်သက်၍ ပိုမိုတိကျ လွယ်ကူရှင်းလင်း စေရန်ဌာနတွင်း ဆွေးနွေးဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ အမြန်ဆုံးပေါ်ထွက်လာစေရေးအတွက် ILO ၊ ဒိန်းမတ်နိုင်ငံတို့၏အကူအညီဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဆောင်ရွက်နေသည့် အခြေအနေများ နှင့်ပတ်သက်၍လည်းကောင်း၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးနှင့်ပတ်သက်၍သတ်မှတ်ကာလ အတွင်းအချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံရှိ လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံလုပ်သားများကျွမ်း ကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA)၏ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေး လုပ်ငန်းစဉ် များဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့်ပတ်သက်၍လည်းကောင်းစသည့် မြန်မာနိုင်ငံရှိစက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ EUROCHAN MYANMAR ၏အကြံဉာဏ်ကောင်း များရယူ၍ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Greg Vines ဦးဆောင် သည့်အဖွဲ့အားလက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမား ဥပဒေပြင်ဆင်ရေး အမျိုးသားအဆင့်ပါဝင်သက်ဆိုင်သူများ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲနှင့် (၁၅)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများတွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရနှင့်အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများမှ တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြပြီး ကောင်းမွန်သော ရလဒ်‌ကောင်းများရရှိခဲ့မှုအခြေအနေများ နှင့်ပတ်သက်၍ လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍပြုပြင်ပြောင်းလဲခြင်း (IT Reform) အား ILO- Korea Project ဖြင့်လည်းကောင်း၊ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ကဏ္ဍပြုပြင် ပြောင်းလဲခြင်း (Medical Reform) အား ILO- Luxembourg Project ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှု ကဏ္ဍပြုပြင် ပြောင်းလဲခြင်း (Administrative Reform) အား ILO- Vision Zero Fund Project ဖြင့် လည်းကောင်း၊ ဥပဒေရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Legal Reform) အား (ILO- Labour Law Reform Project) ဖြင့်လည်းကောင်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး ILO ဖက်မှ Master Plan တစ်ခုရေးဆွဲဆောင်ရွက်မည့် အခြေအနေများ နှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံတွင် ILO အနေဖြင့် Project ၁၄ ခုနှင့်ဝန်ထမ်းအင်အား ၈၀ကျော်ခန့်နှင့် ဆောင်ရွက်လျက်ရှိပြီး ဆက်ဆံရေး ရုံးအနေဖြင့်သက်တမ်းကြာမြင့်လာပြီဖြစ်သည့်အတွက် Regular Office ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍လည်းကောင်း၊ National Complaints Mechanism-NCM အမျိုးသားအဆင့်အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရာတွင် ILO ၏ ပြဌာန်းချက်များနှင့်အညီ ရှေ့ဆက်လက်အောင်မြင်အောင်ဆောင်ရွက်သွားမည့် အခြေအနေများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

DSC05537

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ  EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံစဉ်

 

DSC05554

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ  အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံစဉ်