အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်    ၂၀.၁၂.၂၀၁၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၀၉:၀၀နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများသည် အစိုးရသစ်၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် ဦးစားပေးလုပ်ငန်းများကို သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးများ ခန့်အပ်ပြီး မိမိတို့ဌာန၏လုပ်ငန်းများ ပိုမိုထိရောက်အောင် ကြပ်မတ် ကွပ်ကဲဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အရေးကိစ္စများသည်အရေးကြီးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဝန်ကြီးတစ်ပါးစီ ခန့်အပ်တာဝန်ပေးလုပ်ဆောင်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများကို မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းများကိုတင်ပြလျက် လိုအပ်သော အကူအညီများ ရယူသွားကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပေါ်လာသည့် အလုပ်သမား ဆိုင်ရာအရေးကိစ္စများကို ဌာန၏ ဥပဒေ၊ နည်းဥပဒေဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်အညီဖြစ်စေရေး၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရေးကြပ်မတ်သွားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေအဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်းများ၊ ညွှန်ကြားချက်များကို သိရှိအောင်ပြုလုပ်၍ လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဌာန၏လုပ်ငန်းများ အောင်မြင်ရန်အတွက် ဝန်ထမ်းများ၏ အရည်အချင်းနှင့် အရည်အသွေးများတိုးတက်ရန်လိုအပ်ပြီး အစီရင်ခံစာများတင်ပြစေခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်စေခြင်း၊၎င်းတို့၏အရည်အချင်းများပေါ်လွင်လာစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မိတ်ဖက် ဌာနများ၊ဆက်စပ်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ အလုပ်သမားရေးရာ ကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးကိစ္စများသည် နိုင်ငံတော်အတွက်အရေးပါသည် ဖြစ်နေကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး ဖူလုံမှုရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်မှုသည် အရေးကြီးသဖြင့်ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ရန် အလုပ်အကိုင်များဖန်တီးနိုင်ရန်ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ဒုတိယသမ္မတဦးစီး၍ ပြုပြင်ပြောင်း လဲလုပ်ကိုင်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့်လည်းအလုပ်အကိုင်ကျွမ်းကျင်မှုအတွက်သင်တန်းကျောင်း များဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အတူ မိမိတို့ဌာနမှကောက်ယူသည့်စာရင်းဇယားများသည် ဌာနတိုင်းအတွက်အရေးပါပြီး မူဝါဒများချမှတ်နိုင်ရန် အထောက်အကူပြုပါကြောင်း၊ IT စနစ်ဖြင့် ဆောင်ရွက်ရာတွင် အားလုံး လိုက်ပါဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ Global Supply Changing နှင့် Industry 4.0 တို့ကြောင့် တိုးတက်ပြောင်းလဲလာမည့် အခြေအနေများအရ အလုပ်အကိုင်အခွင့်အလမ်းများ မဆုံးရှုံးစေရေး အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်ကာလတွင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများပိုမို အရေးပါလာမည်ဖြစ်ပြီး၊ ကျွမ်းကျင်မှုများကို အမြဲတမ်း မြှင့်တင်နေရန် နှင့်တစ်သက်တာလုံးလေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ဖက်ကအသင့်ဖြစ်နေ အောင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် IT လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီများဖြင့် အခြားဝန်ကြီးဌာနများ နည်းတူ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း။

ဆက်သွယ်ရေးနည်းပညာ တိုးတက်မြန်ဆန်လာသည့်အလျောက် နေ့စဉ်ဖြစ်ပေါ်နေသည့် အလုပ်သမားပြဿနာများအား အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာအနေဖြင့် မူဝါဒများနှင့်ဥပဒေများကိုချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် MSDP ၏ မူဝါဒရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မိမိတို့၏လုပ်ငန်းများဆောင်ရွက် ရာတွင်လည်း ရေတိုရေရှည်ရည်မှန်းချက် များချမှတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် စီမံချက်အားလုံး အောင်မြင်ရေးသည် ဝန်ထမ်းများ၏ အရည်အသွေး အပေါ်တွင်သာ မူတည်ပါကြောင်း၊ ဝန်ထမ်းအင်အား လိုအပ်ချက်များ တိုးတက်အောင်လည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါဝန်ထမ်း၏အရည်အချင်းများ တိုးတက်မြင့်မားလာအောင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့၏ အခက်အခဲ၊ လိုအပ်ချက်၊ အကြံဉာဏ် များအားပွင့်ပွင်လင်းလင်းတင်ပြဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ဝန်ကြီးဌာနအတွက် အကျိုး ရှိစေမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန် အပါအဝင် အလုပ်သမားရေးရာဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်တိုင်းဒေသကြီးပြည်နယ်ရုံးများမှ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ ကြပြီး တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးများမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ပြီးစီးမှု များနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်ပါသည်။ အဆိုပါအစည်းအဝေးကို ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။