အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ European Chamber of Commerce in Myanmar ၏ Country Manager ဖြစ်သူ Mr. Tobias Fischer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  မတ်  ၂၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် European Chamber of Commerce in Myanmar ၏Country Manager  ဖြစ်သူ  Mr. Tobias Fischer  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၁:၀၀ နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ဥပဒေများကို ခေတ်စနစ်နှင့်လျော်ညီစွာ အသစ်ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ (OSH)ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြု နိုင်ခဲ့ပါကြောင်း၊ ဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အစိုးရတာဝန်ရှိသူများ ပါဝင်သော သုံးပွင်ဆိုင် ဆွေးနွေးမှုများ၊ (ILO) မှပံ့ပိုး အထောက်အကူပြုခဲ့သည့် ကျွမ်းကျင်ပညာရှင်များနှင့်  ပွင်လင်းမြင်သာစွာ အကောင်းဆုံးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးကိစ္စရပ်များ၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှုယန္တရား (National Complaints Mechanism – NCM) ထူထောင်ရေးကိစ္စရပ်များ၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသားအဆင့် သုံးပွင်ဆိုင်အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းဆိုင်ရာ ဖိုရမ် (National Tripartite Dialogue Forum)ကျင်းပခဲ့ခြင်းစသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကိုလာမည့်ဇွန်လ၌ ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် တင်ပြနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်သမားရေးရာဆိုင်ရာဖြစ်ပေါ် တိုးတက်မှုများနှင့် အခြားသောဝန်ကြီးဌာနများနှင့် ဆက်စပ်ဆောင်ရွက်ထားရှိမှု အခြေအနေများ အားဝန်ကြီးဌာနသာမကလွှတ်တော်အပါအဝင် နိုင်ငံတော်အဆင်မြင့် အာဏာပိုင်များသို့လည်းတင်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်သမားရေးရာဥပဒေများ ရေးဆွဲပြင်ဆင်ရာတွင် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်စလုံးမှထည့်သွင်းလိုသောအချက်များအပေါ် အခြေခံ၍လွှတ်တော်မှလေ့လာပြီး အဖက်ဖက်မှသုံးသပ်ကာ မိမိနိုင်ငံနှင့်ကိုက်ညီဆီလျော်မည့်အချက်များကိုဥပဒေရေးဆွဲအတည်ပြုမည် ဖြစ်ကြောင်း၊ အလုပ်သမားရေးရာဆိုင်ရာ ဥပဒေများအား ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသစ်ပြန်လည် ရေးဆွဲခြင်းများဆောင်ရွက်ရာတွင်ထိုက်သင့်သည့် အချိန်ရယူဆောင်ရွက်ရကြောင်းအလုပ်သမားရေး ရာကိစ္စရပ်များနှင့်ပတ်သက်၍ သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ပုံမှန်ဖြစ်စေရေးကြိုးစား ဆောင်ရွက် လျက်ရှိကြောင်း၊ (ILO)၏ စံချိန်စံညွှန်းများ၊ Convention များနှင့်အညီဖြစ်စေရန် European Chamber အပါအဝင်အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်းဆုံးဆောင်ရွက်လျက်ရှိပါ ကြောင်းပြောကြားခဲ့ပြီး အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။