အလုပ်ရှင်/အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၀။

စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းအစည်အဝေးကို နိုဝင်ဘာလ (၁၀)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် Virtual ဖြင့် အစည်းအဝေးကိုကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိ ကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုနှင့်ကုန်ထုတ် လုပ်သူများအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအလုပ်သမားများအဖွဲ့ချုပ်(MSF)တို့မှ တာဝန်ရှိသူများ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အပြည့်အစုံဖတ်ရှုရန် (59)