လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ % ၊ အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ၂၅ % နှင့် ကိုယ်ဝန်ဆောင်အာမခံအလုပ်သမားများအတွက် မမာမကျန်းမှုဆေးလက်မှတ် အကျိုးခံစားခွင့် ၆၀ % နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း(ပဲခူး))

၁။      ပဲခူးတိုင်းဒေသကြီး၊  ပဲခူးမြို့၊ တိုင်း‌ဒေသကြီးလူမှုဖူလုံရေးရုံးခန်းမ၌ COVID-19 ရောဂါကူးစက် မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာယီရပ်နားခဲ့ရသော မြို့နယ်လူမှုဖူလုံရေးရုံး၊ ပဲခူးမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၁၅) ဌာနရှိ ကိုယ်ဝန်ဆောင် မိခင်များအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် (၆၀)% အတွက် အကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် ၃၅,၄၉၆,၀၆၀.၇၀/- ၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ပဲခူးမြို့တွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၆) ဌာနရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် (၄၀)% နှင့်အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် (၂၅%) အတွက် အကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် ၁၆၂,၅၁၅,၉၄၅.၃၃/- ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို            ၁၄၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များဖြစ်သော ဦးညွန့်ရွှေနှင့် ဦးကျော်မင်းဇံ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီးတာဝန်ခံများနှင့် အကျိုးခံစားခွင့် ထုတ်ယူမည့် အလုပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂။       မကွေးတိုင်းဒေသကြီး၊  မင်းဘူးမြို့၊ မန်းရေနံမြေအစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၁-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မင်းဘူးမြို့တွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမန်းရေနံမြေမှ အာမခံအလုပ်သမား ဦးသိန်းဇော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၉,၉၀၀,၀၀၀/- ကို အာမခံအလုပ်သမား၏ဇနီးဒေါ်မြသွယ်အား မကွေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်မှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား မင်းဘူးမြို့၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေ ရေနံထုတ်လုပ်ရေးဌာန၊ အင်ဂျင်နီယာမှူး ဦးရဲခေါင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။