ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ဂျပန်နိုင်ငံ၊ အအိချိခရိုင် နာဂိုယာမြို့မှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၊ဖေဖော်ဝါရီ ၁၂ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင် နာဂိုယာမြို့မှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၁၁-၂-၂၀၂၀ ရက်နေ့ ညနေ ၁၆:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်ဂျပန်နိုင်ငံ၊အအိချိခရိုင်အတွင်းအလုပ်သင်အလုပ်သမားများခေါ်ယူမည့် အစီအစဉ်များ၊ အလုပ်သင် အလုပ်သမားများသတ်မှတ်ကာလ ၃ နှစ်ပြည့်မြောက်ပြီးပါက ကျွမ်းကျင် လုပ်သားများအဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေး နှင့် အလုပ်အကိုင်အသစ်များရရှိရေး ကူညီရှာ ဖွေဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ ဂျပန်နိုင်ငံ၏အလုပ်သမားဥပဒေနှင့်အညီ နေထိုင်ရေးနှင့် အကျိုးခံစားခွင့်ရရှိ‌ရေး၊ဂျပန်နိုင်ငံမှခေါ်ယူမည့် ကျွမ်းကျင် အလုပ်အကိုင်အမျိုးအစား ၁၄ မျိုးအနက် လက်ရှိခေါ်ယူနေသည့်အလုပ်အကိုင်များနှင့် ဆက်လက်ခေါ်ယူမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အလုပ်သင်အလုပ်သမား၊ နည်းပညာကျွမ်းကျင် အလုပ် သမားများနှင့်ပတ်သက်၍ ဂျပန်နို်ငငံနှင့်မြန်မာနိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထား သည့်အတိုင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ဂျပန်ဘာသာ စကားတတ်ကျွမ်းမှုလူတွေ့ စစ်ဆေးခြင်းနှင့် ဂျပန်နိုင်ငံသို့အမြန်ဆုံးစေလွှတ်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဂျပန်နိုင်ငံမှ စီစဉ် ဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့်ပညာနှင့်ပတ် သက်သည့်အလုပ်အကိုင်ရရှိနိုင်ရေးကိစ္စရပ်များ၊ အလုပ်သင် လုပ်သားများနှင့်ပတ်သက်၍ ကျန်းမာ ရေးစောင့်ရှောက်မှု၊အလုပ်ပြောင်းရွှေ့ခြင်းစသည်တို့နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်သားများခေါ်ယူမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံမှအလုပ်သင် အလုပ်သမားစေလွှတ်ရေးနှင့်သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့နှင့်ပတ်သက်၍နှစ်ဖက်အမြင် များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင်ကြိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။