Insurance Monthly Report Excel သင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊  ဇူလိုင် လ ၂၄  ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊  Insurance Monthly Report Excel သင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁-၇-၂၀၁၈ ရက်နေ့ နံနက် (၀၉:၁၅) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  ဆက်လက်၍ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ အိအိစိုးထွန်းမှ သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား/ သင်တန်းသူတို့အား အသိပညာဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို       ၁-၇-၂၀၁၈ ရက်နေ့ မှ ၅-၇-၂၀၁၉ ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်း သား/ သင်တန်းသူ (၄၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၀၉:၄၅) နာရီအချိန် တွင် ရုတ်သိမ်းခဲ့ပါသည်။