ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမောင်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊အလုပ် သမား ဝန်ကြီး၏ ဖိတ်ခေါ်မှုအရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့သို့ရောက် ရှိပြီးထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Phadermchai Sasomsub ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့နှင့် ဗန်ကောက်မြို့ရှိ Millinium Hilton Hotel ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးမှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအားလုံးအတွက် လက်ရှိဆောင်ရွက်နေသောယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်းတိုး ပေးခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်ပျောက်ဆုံးပျက်စီး၍ ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံအတွင်းရှိ လက်ရှိစခန်း (၅)ခုအား(၃)လထပ်မံ သက်တမ်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးကူညီဆောင်ရွက်ပေးနိုင်ရန်ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးနှင့် ဆွေးနွေးခဲ့ပါ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Chalern Yoobanrungနှင့်တွေ့ဆုံ၍ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများနှင့်ပတ်သက်သည့်ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။