အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့နံနက်(၀၉း၀၀)နာရီတွင်ရန်ကုန်မြို့ထန်းတပင်တီဘီရောဂါကုဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံ ကြီး၏ ဓါတ်မှန်ခန်း၊ဓါတ်ခွဲခန်းနှင့်လူနာဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာလူနာများ၏ ကျန်းမာရေးနှင့် ပတ်သက်၍မေးမြန်းပြီး ဆေးရုံတက်ရောက်ကုသနေသောလူနာများအားအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ များပေးအပ်ခဲ့ပါသည်။
ဆေးရုံကြီးအစည်းအဝေးခန်းမတွင်ဆေးရုံအုပ်ကြီးမှ ဆေးရုံကြီး၏ဝန်ထမ်းအင်အားအခြေအနေ၊ဆေးကုသမှုလုပ်ငန်း၊ အထူးကုကွင်းဆင်းကုသမှုနှင့်နည်လှည့်ဆေးကုသမှုအခြေအနေများ၊ အထွေထွေရောဂါကုသပေးမှုနှင့် ဆေးရုံကြီး ၏သောက်သုံးရေရရှိမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှလိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည်နံနက်(၀၉း၄၅)နာရီတွင်ကျင်းပသည့်ရေသန့်စက်နှင့်ရေတွန်းမော်တာ
ပြုပြင်ခြင်းအတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ပြီးအမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင်လူမှုဖူလုံရေးအဖွဲ့အလုပ်သမားဆေးရုံကြီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် နည်းလမ်း (၃)ခုဖြင့် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ထိုနည်းလမ်းများမှာနိုင်ငံတော်၏ ဘဏ္ဍာရေးခွင့်ပြုငွေများဖြင့် လည်းကောင်း၊ လူမှုဖူလုံရေး အာမခံထည့်ဝင်ငွေများဖြင့် လည်းကောင်း၊ အလှူရှင်များ၏လှူဒါန်းခြင်းဖြင့် လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်နှင့်ပြည်သူတို့သည် ကဏ္ဍအလိုက်ကြိုးစားပြီး ဆောင်ရွက်သွားကြရန်၊အာမခံအလုပ်သမားများ၏ ကျန်းမာရေး နှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန် ရှိသဖြင့် လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်များ ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အလုပ်သမား၊အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဟု အမည်ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် အကံျုးဝင်အလုပ်သမား(၅)သိန်းကျော် ကိုသာ အကာအကွယ်ပေးစောင့်ရှောက်နိုင်သေးကြောင်း၊ ယခုအခါ လူမှုဖူလုံရေးဥပဒေအသစ် အရ တိုးတက်များပြားလာမည့်အာမခံအလုပ်သမားများအတွက် ပြည့်စုံလုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် တီဘီရောဂါကုဆေးရုံကြီးအား အထွေထွေရောဂါကုဆေးရုံကြီးအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ အလုပ်သမားဆေးရုံကြီးများတွင် အသုံးပြုရန်နှင့်ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ရန်တို့ အတွက်သူနာတင်ယာဉ်များ၊နယ်လှည့်ဆေးကုသရေးယာဉ်များဝယ်ယူဖြည့်တင်းရန်စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း
ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် Trust Link Co., Ltd. နှင့် သုခစုစံပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတို့မှ အလှူငွေများပေးအပ် လှူဒါန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်းသတင်းရရှိပါသည်။