ရန်ကုန်မြို့ ၊ ဒီဇင်ဘာလ ၂ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် (၂-၁၂-၂၀၁၂)ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်၌ ကျင်းပသော CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ ပြည်နယ်/တိုင်းဒေသကြီးများမှ သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ညွှန်ကြားရေးမှူးချုပ်များ၊ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ၊ CMP စက်ရုံများမှ လုပ်ငန်းရှင်များနှင့် အခြေခံအလုပ်သမား အဖွဲ့အစည်းများမှအလုပ်သမားကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြပါသည်။
ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် CMP လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ကြောင်း၊Industrialised Country ဖြစ်အောင် ဆောင်ရွက်ရာတွင် CMP လုပ်ငန်းများသည်အဓိက ကျသော နေရာမှ ပါဝင်ကြောင်း ၊ CMP လုပ်ငန်းများသည် Labour Intensive တစ်ခုဖြစ်ကြောင်း Job Creation အတွက်အဓိကကျပြီး နိုင်ငံတော်၏ ဒေါက်တိုင်တစ်ခုပင်ဖြစ်ကြောင်း CMP ကို Industrial Sector ၏ Branch တစ်ခုဖြစ်ရေးကြိုးစားရန်လိုအပ်ကြောင်းနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အနေဖြင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးရေး၊ Employment Contract ချုပ်ဆိုရေးနှင့်အချိန်ပိုနာရီလျှော့ချပေးရေး၊ CMP လုပ်ငန်းများဆောင်ရွက်ရာတွင်မြန်ဆန်မှုရှိစေရန် ရုံးလုပ်ငန်းများဖြေလျှော့ပေးရေးတို့ကိုအလေးထားပြောကြား ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။