အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၇-၁၁-၂၀၁၂ ရက်နေ့မှ ၃၀-၁၁-၂၀၁၂ ရက်နေ့ထိကျင်းပသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ International Organization for Migration (IOM) သို့ မြန်မာနိုင်ငံ ဝင်ရောက်ခြင်းနှင့် International Organization for Migration Council ၏ (၁၀၁)ကြိမ်မြောက်ညီလာခံသို့ တက်‌ရောက်ပြီး ဂျီနီဗာမြို့မှ ၁-၁၂-၂၀၁၂ ရက်နေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဖွဲ့နှင့်လည်းကောင်း၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာနိုင်ငံတကာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့်လည်းကောင်း၊ ဂျီနီဗာမြို့ ကုလသမဂ္ဂအဖွဲ့ရုံးချုပ်တွင်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏အလုပ်သမားရေးရာကိစ္စရပ်များတွင်ပူးပေါင်းလုပ်ဆောင်ရေး၊ မြန်မာနိုင်ငံ သားများအလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိနိုင်ရန်အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ အဆင့်မြှင့်တင်ပေးရေး၊ အခြားလိုအပ်သည့်သင်တန်းများဖွင့်လှစ်သင်ကြားပေးရေး၊ပြည်ပရောက်မြန်မာအလုပ်သမား များအခွင့်အရေးအပြည့်အဝရရှိရေး၊အထောက်အထားမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများအားကာကွယ် စောင့်ရှောက် နိုင်ရန်နိုင်ငံကူးလက်မှတ်/ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စရပ်များတွင်ပူးပေါင်းလုပ်ဆောင် ရန် ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့််သည် International Organization for Migration Council ၏(၁၀၁) ကြိမ်မြောက် ညီလာခံသို့တက်‌ရောက်၍မိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအား (IOM) အဖွဲ့ဝင်ခွင့်ရသည့် အတွက် ကျေးဇူးတင်ရှိကြောင်း၊ IOM နှင့် ပူးပေါင်း၍ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကိုကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမား‌ ရေးရာအငြင်းပွားမှု‌ဖြေရှင်းရေးဥပဒေ၊လူမှုဖူလုံရေးဥပဒေတို့ကို ပြဌာန်းအကောင်အထည်ဖော် ဆောင် ရွက်နေပါကြောင်း၊အလုပ်ရှင်အလုပ်သမားအဖွဲ့အစည်းများကိုလည်းနိုင်ငံတစ်ဝှမ်းဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်နိုင်ငံအတွင်း၊ဒေသအတွင်း၊အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်း များတွင်တာဝန်ရှိပါကြောင်း၊ အထောက်အထားမဲ့အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူး ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းများကိုကာကွယ် စောင့်ရှောက်ရန် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများမှ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင်‌့အလုပ်သမားရေးရာကိစ္စရပ်ကို (IOM)နှင့် ထာဝစဉ် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းတို့ပါရှိပါသည်။

အဆိုပါညီလာခံသို့ အဖွဲ့ဝင်နိုင်ငံပေါင်း(၁၄၈)နိုင်ငံမှကိုယ်စားလှယ်(၄၀ဝ)ကျော်တက်ရာက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။