၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် အရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသ နှင့်လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်သည့် အနည်းဆုံးအခကြေးငွေမှာ တစ်နာရီလျှင် ကျပ် ၄၅၀/- (ကျပ်လေးရာ ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် (၈)နာရီ (တစ်ရက်)အတွက် ကျပ် ၃၆၀၀/-(ကျပ် သုံးထောင် ခြောက်ရာ တိတိ) ဖြစ်ကြောင်း နှင့် ယင်းသတ်မှတ်ချက် သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင် တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ မှ အမိန့်ကြော်ငြာ အမှတ် (၂/၂၀၁၅) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
[download id=”431″]