အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် နိုင်ငံသားအလုပ်သမားများအား သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၁၉-၆-၂၀၁၃ ရက်နေ့မှစ၍ အလုပ်လာရောက်လျှောက်ထားသူ (၉၅၀)ဦး အနက် ကျား(၆၈၀)ဦး၊ မ(၂၂၅)ဦး၊ စုစုပေါင်း (၉၀၅)ဦးအား အလုပ်ခန့်ထား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍လည်း ပြည်တွင်းကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ခန့်ထား နိုင်ရေး ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၅-၈-၂၀၁၃ ရက်နေ့နှင့် ၁၆-၈-၂၀၁၃ ရက်နေ့များတွင် (ဝ၉းဝ၀) နာရီမှ စတင်၍ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ အမှတ်(၂၉၈)ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် လူတွေ့စစ်ဆေးခံနိုင်ကြောင်းနှင့်တိုင်းဒေသကြီး/ပြည်နယ် များရှိ အလုပ်သမားများအနေဖြင့်လည်း ဒေသအတွင်း အလုပ်အကိုင်နေရာများတွင် လုပ်ကိုင်နိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွင့်လှစ်ထားသည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ (တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်) ရုံးများသို့ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်။