အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖှုလုံရေးဝန်ြကီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)အစည်းအဝေးခန်းမ ၌ ဆေးရုံအုပ်ကြီးနှင့်အထူးကုဆရာဝန်ြကီးများ၊ ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ သူနာပြု ဆရာမများနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ကျန်းမာရေးဝန်ထမ်းများသည် လူနာများ၏အသက်များအားကယ်တင် ကုသ ပေးနေရ သူများ ဖြစ်သဖြင့် မေတ္တာထားပြုစုပေးရန်လိုကြောင်း၊ ဆေးရုံကြီး၏ လိုအပ်ချက်များကိုလည်းဦးစားပေးအလိုက် အဆင့်ဆင့် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ြဖစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ နိုင်ငံတော် နှင့် ပြည်သူ တို့အပေါ်တာဝန်ကျေပွန်သူဖြစ်အောင် ကြိုးပမ်းထမ်းဆောင်ကြစေ လိုကြောင်းနှင့် မိမိဌာနနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်အရေးကြီးကြောင်းမှာကြားပြီး၊ ခွဲစိတ်ကုသဆောင်၊သားဖွားမီးယပ်ဆောင်၊ အရိုးအကြောအထူးကု ဌာန၊ အထွေထွေရောဂါကုသဆောင်၊ ဓာတ်မှန်ခန်း တို့ကိုလှည့်လည်ကြည့်ရြှုပီးဆေးကုသမှုခံယူနေကြသော အလုပ်သမားများအား ကြည့်ရှုအားပေးစကား ပြောကြားသည်။
ထို့နောက် ရန်ကင်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန လုပ်ငန်းခွင်လေ့ကျင့်ရေးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ရှိ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန် အနောက်ပိုင်းခရိုင်ရုံး၊ ဝန်ကြီးဌာန၏ Complaint Mechanism Center နှင့် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (EPS)ရုံးများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။