အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဇန်နဝါရီလ ၇ ရက်

မြန်မာနိုင်ငံနှင့် ILO တို့အကြား သဘောတူလက်မှတ်ရေးထိုးထားသည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌အဓမ္မ ခိုင်းစေမှုလုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာအကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ တတိယ အကြိမ်မြောက်လုပ်ငန်းကော်မတီအစည်းအဝေးအား ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ(၁၃းဝ၀)နာရီ တွင် နေပြည်တော်၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ILO ဆက်သွယ်ရေးအရာရှိ Mr. Steve Marshall နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေးပူးတွဲမဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်း စီမံချက်အရလွန်ခဲ့သည့်(၃)လတာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းနယ်ပယ် များကိုပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ နောက်လာမည့်(၃)လတာကာလအတွင်းဆက်လက်အကောင်အထည် ဖော် ဆာင်ရွက်မည့်လုပ်ငန်းများကိုမြန်ဆန်ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ် ထားသည့် ၂၀၁၅ ခုနှစ်ထက် ပိုမိုဆောလျင်စွာပြီးစီးနိုင်အောင် ဆောင်ရွက်နိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။