အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၁၅-၁၂-၂၀၁၆ ရက်နေ့

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ တွင် ILO၊ International MIS expert, Mr.Alain Perras မှ မြန်မာနိုင်ငံလူမှုဖူလုံရေး ကွန်ပျူတာစနစ်အတွက် Management and Information System(MIS) နှင့်ပတ်သက်သည့် သင်တန်းကို ၁၂-၁၂-၂၀၁၆ ရက်နေ့ မှ ၁၄-၁၂-၂၀၁၆ ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။

MIS သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၂-၁၂-၂၀၁၆ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန် တွင်လည်းကောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ၁၄-၁၂-၂၀၁၆ ရက်နေ့ ညနေ (၄:၀၀) နာရီအချိန်တွင်လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ Conference Room ၌ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ILO မှ သင်တန်းနည်းပြများနှင့် တာဝန်ရှိ သူများ၊ သင်တန်းအုပ်ချုပ်သူများ၊ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန တို့မှ သင်တန်းသား/သူအရာထမ်း/အမှုထမ်း (၂၀)ဦး၊ လေ့လာသူအဖြစ် တက်ရောက်သူ အရာထမ်း/ အမှုထမ်း (၁၄)ဦး၊ စုစုပေါင်း (၃၄)ဦးတို့တက်ရောက်ခဲ့ကြပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ILO၊ International MIS expert, Mr.Alain Perras တို့မှ အမှာစကားများ ပြောကြားခဲ့ကြပြီး၊ သင်တန်းသားများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ် များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

1

12

9