အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁၃-၁၀-၂၀၂၅ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ Hyun Tex Co., Ltd အထည်ချုပ်စက်ရုံ (CMP မဟုတ်) သို့ သွားရောက်စစ်ဆေးခဲ့ရာ အောက်ပါအချက်များ မှန်ကန်မှု မရှိကြောင်း  စစ်ဆေးတွေ့ရှိရပါသည်-

(၁)     ပုံမှန်အလုပ်ချိန်ပြီးဆုံးသော်လည်း  ည (၇) နာရီမှ နောက်နေ့  မနက် (၁၂) နာရီအထိ တစ်ရက်ခြား ညဆိုင်း လုပ်ကိုင်ရကြောင်း၊

(၂)      ညဆိုင်း အချိန်ပို မဆင်းပါက အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊

(၃)     အချိန်ပို ဆင်းပြီးပါက စက်ရုံတွင် ဖြစ်သလို အိပ်ရကြောင်း၊

(၄)     ညဆိုင်းဆင်းပြီး မနက် (၅) နာရီတွင် အိမ်ပြန်ရန် ဖယ်ရီကား မရှိပါကြောင်း၊

(၅)     နေမကောင်း၍ ခွင့်ယူပါက ရက်မှန်ကြေး ဖြတ်တောက်ကြောင်း၊

(၆)     လုပ်ငန်းခွင်အတွင်း အရေးပေါ် သတိပေးစနစ် မရှိကြောင်း၊

(၇)     အလုပ်သမားများအား Name Card ထုတ်မပေးကြောင်း၊

(၈)     အလုပ်သမားရုံးသို့ တိုင်ကြားသည့် အမျိုးအမီးတစ်ဦးအား Blacklist သွင်းကြောင်း၊

(၉)     တနင်္လာနေ့မှ စနေနေ့အထိ တစ်ရက်ခြား ညဆိုင်းအချိန်ပိုများ ဆင်းခိုင်းကြောင်း။

အလုပ်သမားဝန်ကြီးဌာန