Hosheng (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံ၊ Hesheng (Myanmar Leather) Co.,Ltd အိတ်ချုပ်စက်ရုံ၊ Sun Apparel (Myanmar) Co.,Ltd (CMP) အထည်ချုပ်စက်ရုံတို့၏ အလုပ်သမားရေးရာသတင်းများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှပါဝင်သည့် ဝန်ကြီးဌာနအောက် ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံ အရာရှိများသည် စက်ရုံမှတာဝန်ရှိသူများ အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ်များတို့ အားတွေဆုံ၍ ဝန်ကြီးဌာနမှ ဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများ အား သတင်းဖော်ပြခဲ့ပြီးဖြစ်ပါသည်။
Hosheng (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံတွင် ၄-၇-၂၀၂၃ ရက်နေ့ အထိ အလုပ်သမား (၈၅၂)ဦး ရှိသည့်အနက် အလုပ်ဝင်ရောက်သည့်အလုပ်သမား (၈၀၉) ဦး၊ ပျက်ကွက်သည့်အလုပ်သမား (၃၈) ဦး၊ နုတ်ထွက်သည့် အလုပ်သမား (၅) ဦးဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အလုပ်သမားအားလုံး လုပ်ငန်းခွင်တွင်အေးချမ်းစွာ အလုပ်လုပ် ကိုင်လျက် ရှိကြောင်း၊
Hesheng (Myanmar Leather) Co.,Ltd အိတ်ချုပ်စက်ရုံတွင် ၄-၇-၂၀၂၃ ရက်နေ့ အထိ အလုပ်သမား(၄၈၂) ဦးရှိသည့်အနက် အလုပ်ဝင်ရောက်သည့်အလုပ်သမား (၄၃၄)ဦး၊ ပျက်ကွက်သည့်အလုပ်သမား (၄၃) ဦး၊ နုတ်ထွက် သည့်အလုပ်သမား (၅) ဦးဖြစ်ကြောင်းနှင့် နှင့် လက်ရှိအချိန်တွင် အလုပ်သမားအားလုံး လုပ်ငန်းခွင်တွင်အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊
Sun Apparel (Myanmar) Co.,Ltd (CMP) အထည်ချုပ်စက်ရုံ ၄-၇-၂၀၂၃ ရက်နေ့ အထိ အလုပ်သမား (၃၅၈) ဦးရှိသည့်အနက် အလုပ်ဝင်ရောက်သည့်အလုပ်သမား (၃၅၀) ဦး၊ ပျက်ကွက်သည့်အလုပ်သမား (၈)ဦးဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အလုပ်သမားအားလုံး လုပ်ငန်းခွင်တွင်အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန

