ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃)၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ အမှတ် (၃၇/၃၈) ရှိ Mr. Deng Junshan (တရုတ်နိုင်ငံသား)ပိုင် Hesheng Myanmar Leather Co.,Ltd လက်ကိုင်အိတ်ချုပ်စက်ရုံ (CMP) တွင်ရှိ အလုပ်သမားများ အား စက်ရုံပစ္စည်းများ ပြောင်းရွှေ့နေသော်လည်း အသိပေးပြောဆိုခြင်း မရှိကြောင်း၊ စက်ရုံရှိ အလုပ်သမားအများစုသည် ၅၆၀၀ ကျပ်ပေးသည့် စက်ရုံများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသဖြင့် စက်ရုံအတွင်းရှိ စက်လိုင်း ၁၀ လိုင်းမှ လက်ရှိ ၃ လိုင်း၊ ၄ လိုင်းသာ ကျန်ရှိကြောင်း၊ အလုပ် သမားများ လျော့နည်းသွားသဖြင့် ခေါင်းဆောင်များကို ရာထူးမှ လျှော့ချကြောင်း၊ စက်ရုံ (၃)ရုံ ရှိသည့်အနက် လှိုင်သာယာစက်ရုံနှင့် လှည်းကူးစက်ရုံများကို တစ်နေ့လုပ်အားခ ၅၆၀၀-၆၅၀၀ကျပ်နှုန်းဖြင့် လစာတိုးပေးပြီး မိမိတို့စက်ရုံအား လုပ်အားခ မတိုးပေးကြောင်း၊ စက်ရုံမှ တာဝန်ရှိသူများအနေဖြင့် စက်ရုံပိတ်မည်ဆိုပါက အလုပ်သမားများအား အသိပေး ပြီး နစ်နာကြေးကိစ္စများ ဆွေးနွေးရန်လိုအပ်ကြောင်း၊ အချိန်ပိုမဆင်းရသည့် အလုပ်သမား များအား ဖယ်ရီကား စီစဉ်ပေးမှုမရှိကြောင်း သိရှိရပါသည်။
အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၁၉-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့ သွားရောက်၍ မန်နေဂျာနှင့် HR Manager ၊ အလုပ် သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ်(၁၆)ဦး တို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကိုသိရှိရပါသည်-
(က) စက်ရုံမှပစ္စည်းများပြောင်းရွှေ့နေခြင်း မဟုတ်ဘဲ စက်ရုံ၌ စက်လိုင်း (၂၀) ရှိသည့်အနက် အလုပ်လုပ်ကိုင်သည့် စက်လိုင်း (၈)လိုင်းသာကျန်ရှိသဖြင့် စက် ပစ္စည်းအချို့မှာလည်း ပိုနေ၍ ပိုင်ရှင်တူဖြစ်သည့် လှည်းကူး၊ ပိုက်ကြီးဝဲ ကျေးရွာရှိ Uniwin အိတ်ချုပ်စက်ရုံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၊
(ခ) စက်ရုံမှာ အော်ဒါမရှိ၍ အချိန်ပိုအလုပ်မပေးနိုင်ခြင်းကြောင့် အလုပ်သမားများ အလုပ်ထွက်ကြသဖြင့် လုပ်သားအင်အား လျော့နည်းသွားခြင်းဖြစ်ကြောင်း၊
(ဂ) အလုပ်သမားများ လျော့နည်းသွားသဖြင့် ခေါင်းဆောင်များကို ရာထူးမှ လျှော့ချကြောင်း သတင်းမှာမှန်ကန်မှုမရှိပါကြောင်း၊ အလုပ်သမားများ နည်း နေ၍ All Super ၊ Super ၊ Leader များအား လှည်းကူးရှိ လုပ်ငန်းပိုင်ရှင်တူ Uniwin အိတ်ချုပ်စက်ရုံသို့ မူလလုပ်သက်၊ မူလလစာ၊ မူလရာထူးဖြင့် သွား ရောက်လုပ်ကိုင်လိုပါက လုပ်ကိုင်ရန် ညှိနှိုင်းခဲ့ခြင်းဖြစ်ပါကြောင်း၊
(ဃ) စက်ရုံအနေဖြင့် လက်ရှိ အလုပ်သမား (၅၁၁)ဦးအနက် (၁၃၃)ဦးကို ဒေးကြေး ကျပ် ၅၆၀၀/-နှင့်အထက် ပေးထားပြီး (၃၇၈)ဦးအား ကျပ် ၄၈၀၀/- ပေးထား ပါကြောင်းနှင့် စက်ရုံအား ပိတ်သိမ်းရန် အစီအစဉ်မရှိကြောင်း၊ စက်ရုံပိတ်သိမ်း ပါက အလုပ်သမားများကို အကြောင်းကြားမည်ဖြစ်ကြောင်း၊ စက်ရုံငှားရမ်း စာချုပ်သည် ၃၁-၁-၂၀၂၄ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်၍ လုပ်ငန်းကောင်း လာပါက စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုမည်ဖြစ်ပါကြောင်း၊
(င) စက်ရုံမှ အလုပ်သမားများအား ဖယ်ရီ(၉)စီးဖြင့် ကြို/ပို့စီစဉ်ပေးထားပြီး စက်ရုံ အနီးမှ အလုပ်သမားများမှာ မိမိအစီအစဉ်ဖြင့် လာရောက်လုပ်ကိုင်ကြပါ ကြောင်း၊ အချိန်ပိုမဆင်းရသည့်အလုပ်သမားများအား ၁၉-၆-၂၀၂၃ ရက်နေ့မှ စ၍ ဖယ်ရီစီစဉ်ပေးထားပါကြောင်း။
Hesheng Myanmar Leather Co.,Ltd အိတ်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်း ဖော်ပြချက် (၆)ချက် အနက် (၅)ချက်မှာ မှန်ကန်မှုမရှိကြောင်းနှင့် ကျန် (၁)ချက်ဖြစ်သည့် အချိန်ပိုမဆင်းရ၍ မိမိတို့နေအိမ်သို့ ပြန်ကြသည့်အလုပ်သမားအချို့အား ၁၉-၆-၂၀၂၃ ရက်နေ့မှစ၍ ဖယ်ရီစီစဉ်ပေးထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန