ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ပြင်စည် မင်းသားကြီးလမ်း၊ အမှတ် (၁၃၈) ရှိ Mr. Xia Baokuam (တရုတ်နိုင်ငံသား) ပိုင် Guang Ming Garment အထည်ချုပ်စက်ရုံသည် ကြီးကြပ်သူများမှ ကြမ်းတမ်းစွာ ပြောဆိုခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ကြောင်း၊ စံချိန်မပြည့်၍ အချိန်ပိုလုပ်ကိုင် ရပါက အချိန်ပိုကြေးမရရှိကြောင်း၊ ရက်သတ္တပတ်အလုပ်ပိတ်ရက်(တနင်္ဂနွေ) နေ့များတွင် အချိန်ပိုလုပ်ကိုင်ရကြောင်း၊ စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမားများ ရှိပြီး နေ့စားအဖြစ်ခေါ်ယူခိုင်းစေ၍ အချိန်ပိုဆင်းရပါက ဖယ်ရီခအဖြစ် ကျပ် ၅၀၀ ဖြတ်တောက်ကြောင်းနှင့် QC(အထည်စစ်)ဌာန၌ အစည်းအဝေး (Meeting)ခေါ်ယူရာတွင် ကြမ်းတမ်းစွာ ပြောဆိုခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများရှိကြောင်း သိရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ၁၀-၇-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ် ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ လုပ်ငန်းပိုင်ရှင်၊ မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စား လှယ် ၃ ဦး၊ လိုင်းအလိုက် အလုပ်သမား (၂၅) ဦးတို့အားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက် များအရ အောက်ပါတို့ကိုသိရှိရပါသည်-
(က) စက်ရုံရှိ ဝန်ထမ်းများအား အချင်းချင်းဆဲဆိုခြင်းမရှိစေရန်နှင့် ခေါင်းဆောင် များမှ အစည်းအဝေးခေါ်ယူရာတွင် ကြမ်းတမ်းစွာပြောဆိုခြင်း၊ ဆဲဆိုကြိမ်း မောင်းခြင်းမပြုလုပ်ရန် စက်ရုံတာဝန်ရှိသူများမှ သတိပေးထားပါကြောင်းနှင့် ကြီးကြပ်သူများမှ ကြမ်းတမ်းစွာပြောဆိုခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ မပြု လုပ်ကြောင်း၊
(ခ) အချိန်ပိုကို (၁၇:၀၀)နာရီမှ (၁၉:၀၀)နာရီထိ လုပ်ကိုင်ပြီး အချိန်ပိုကြေး တစ်နာရီလျှင် ကျပ်၁၂၀၀ နှင့် ဆုကြေးကျပ် ၂၀၀ ၊ စုစုပေါင်းကျပ် ၁,၄၀၀ ပေးချေထားပါကြောင်း၊
(ဂ) ရက်သတ္တပတ်အလုပ်ပိတ်ရက် (တနင်္ဂနွေနေ့) များတွင် စက်ရုံ၌ အလုပ်လုပ် ကိုင်ရခြင်း မရှိပါကြောင်း၊ အချိန်ပိုဆင်းပြီး စက်ရုံမှစီစဉ်ပေးသော ဖယ်ရီကား ဖြင့် လိုက်ပို့ရာတွင် ကားခအဖြစ် ကျပ် ၅၀၀ ကို အလုပ်သမားများ၏ လုပ်ခ လစာမှ ဖြတ်တောက်ခြင်း မရှိပါကြောင်း၊
(ဃ) စက်ရုံ၌ အသက် (၁၈) နှစ်အောက် ကလေးအလုပ်သမားများ ခိုင်းစေခြင်း မရှိကြောင်း၊ QC (အထည်စစ်) ဌာနတွင် အစည်းအဝေး (Meeting)ခေါ်ယူ ရာတွင် ကြမ်းတမ်းစွာ ပြောဆိုခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ မရှိကြောင်း။
Guang Ming Garment အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်းဖော်ပြထားမှု များအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှု မရှိကြောင်း တွေ့ရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန