ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှသိင်္ဂီလမ်း၊ အမှတ် (၄၁၈)ရှိ ဒေါ်စန္ဒာထွန်း ပိုင်ဆိုင်သည့် Golden Fish (GF) Shwe La Win Family Co.,Ltd (ဟင်းခတ်မှုန့်၊ အချိုမှုန့်စက်ရုံ) ရှိ အလုပ်သမား ဦးစည်သူထိုက် ပါ (၆) ဦးတို့သည် အလုပ်ရပ်စဲခံရသောကြောင့် ညှိနှိုင်းပေးပါရန် ၂၆-၆-၂၀၂၃ ရက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တင်ပြတိုင်ကြားလာခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၄-၇-၂၀၂၃ ရက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အလုပ်ရှင်ကိုယ်စားလှယ် မန်နေဂျာပါ ၂ ဦး နှင့် ဦးစည်သူထိုက် ပါ (၆) ဦးတို့အား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ ပြေလည်မှုရရှိ၍ ၎င်းနေ့တွင် နို့တစ်ကြေး နှင့် အလုပ်ရပ်စဲမှုနစ်နာကြေး စုစုပေါင်း ကျပ် ၄,၀၇၀,၀၀ဝ ပေးချေခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန

