အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုရီးယားသမ္မတနိုင်ငံတွင် မတော်တဆ စက်ညှပ်သဖြင့်ဘယ်ဘက်လက်မတစ်ချောင်းမှ အပ ကျန်လက်ချောင်း (၄) ချောင်းပြတ်တောက်ခဲ့သော မြန်မာအလုပ်သမား သီဟန်အောင်(မနလအမှတ်-အမ် ၃၈၈၄၇၈)၏အာမခံလျော်ကြေး ပေးအပ်ခြင်းကိစ္စ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ပြည်ပတွင်အလုပ်လုပ် ကိုင်မှု ကြီးကြပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့်ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားးများအား ကူညီစောင့်ရှောက်လျက်ရှိရာ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ (Employment Permit System)ဖြင့်(၅.၆.၂၀၁၂)ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိခဲ့ သော မြန်မာအလုပ်သမား သီဟန်အောင် (မနလအမှတ်-၃၈၈၄၇၈)သည် (၁၉.၆.၂၀၁၂) ရက်နေ့တွင် ဒယ်ဂူးမြို့ Yuhyeop Seumsok ကားပစ္စည်းစက်ရုံတွင် ပုံသွင်းလောင်းစက် မတော်တဆစက်ညှပ်သဖြင့် ဘယ်ဘက်လက်မ တစ်ချောင်းမှအပ ကျန်လက်ချောင်း(၄)ချောင်းသည် ပြတ်တောက်ခဲ့ခြင်းကြောင့် အာမခံလျော်ကြေးငွေ ကိုရီးယားဝမ် (၂၉,၀၀၀,၀၀၀)နှင့် ညီမျှသော (US$-၂၇,၆၁၉ ခန့်) အား သက်ဆိုင်ရာအာမခံဌာနမှ (၆.၂.၂၀၁၃)ရက်‌နေ့တွင် သီဟန်အောင်၏ ဘဏ်စာအုပ်အတွင်းသို့လွဲ ပြောင်းထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။