ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တဆင့် သွားရောက်ခဲ့သော မြန်မာအလုပ်သမား မောင်မင်းသန်းသည်ကိုရီးယားသမ္မတနိုင်ငံရှိ ၄င်းနေထိုင်ရာအိမ်ခန်း၌နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။ သို့ပါ၍ မောင်မင်းသန်းအတွက် လုပ်ငန်းခွင် ပြင်ပအသက်အာမခံ လျော်ကြေးငွေခံစားခွင့် ပြုနိုင်ရန် ကိုရီးယားသမ္မတနိုင်ငံရှိ သက်ဆိုင်ရာ အာမခံဌာနမှ စိစစ်မှုများပြုလုပ်ပြီးနောက် အာမခံလျော်ကြေးငွေ ကိုရီးယားဝမ် (၁၅၀ဝ၀ဝ၀ဝ)ကို မင်းသန်း၏ မိဘအုပ်ထိန်းသူတို့၏ ကိုယ်စားလှယ်အဖြစ်လွှဲအပ်ပေးထားသည့် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာအလုပ်သမားအရာရှိထံသို့ (၂၁-၂-၂၀၁၃)ရက်နေ့တွင် ထုတ်ပေးခဲ့ပါသည်။ အဆိုပါ အာမခံလျော်ကြေးငွေ ဝမ်သိန်း(၁၅၀)နှင့်ညီမျှသော မြန်မာငွေကျပ် (၁၁၄၄၅၀ဝ၀ိ/-) ကို ကိုရီးယား သမ္မတနိုင်ငံရှိ မြန်မာအလုပ်သမားအရာရှိက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီသို့ ငွေလွှဲဖြင့် ပေးပို့ခဲ့သဖြင့် (၁-၃-၂၀၁၃)ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးခန်း၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ၏ ရှေ့မှောက်တွင် အေဂျင်စီ၏ မန်နေဂျင်းဒါရိုက်တာမှမောင်မင်းသန်း၏ အုပ်ထိန်းသူ မိဘများဖြစ်သည့် ဦးကျော်အုံးနှင့်ဒေါ်ခင်မြင့် တို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အစိုးရအေဂျင်စီ ၏ မန်နေဂျင်းဒါရိုက်တာမှ အာမခံလျော်ကြေးငွေ ဝမ်သိန်း(၁၅၀)နှင့်ညီမျှသော မြန်မာငွေကျပ် (၁၁၄၄၅၀ဝ၀ိ/-) အား သေဆုံးသူမောင်မင်းသန်း ၏ မိဘများထံ ပေးအပ်စဉ်