နေပြည်တော် ဇွန် ၃

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို (၃.၆.၂၀၁၃) ရက်နေ့ (၁၃းဝ၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၁) ရှိ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန စုဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဝန်ထမ်းများ၏ သားသမီးများအား ပညာတတ်များဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ သားသမီးများအား ပညာရေးကို ဆုံးခန်းတိုင်အောင် ဇွဲရှိရှိဖြင့် သင်ကြားပေးကြစေလိုကြောင်း၊ ယခုခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ မိမိတို့၏ သားသမီးများအား ထူးချွန်သည့် ကျောင်းသားကျောင်းသူ များ မွေးထုတ်ပေးရန်နှင့် လူတော် လူကောင်းများ ဖြစ်စေရေးအတွက် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်‌ ဒုတိယဝန်ကြီးများက ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါသည်။ အခမ်းအနား၌ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်းမှ တက္ကသိုလ်အဆင့်‌အထိ ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီးများ(၁၂၃၂)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး (၁၄၉၅၁၅၀ဝိ/-) (ကျပ်တစ်ရာ့လေးဆယ့်ကိုးသိန်း ငါးသောင်းတစ်ထောင် ငါးရာတိတိ) အား ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။