၂၅-၉-၂၀၂၅ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြို့နယ်ပေါင်းစပ်အဖွဲ့မှ Dong Yu Garment III Co., Ltd အထည်ချုပ်စက်ရုံ(CMP တစ်ဆင့်ခံ)သို့ သွားရောက်၍ လိုင်းအလိုက် စိတ်ကြိုက်ခေါ်ယူခဲ့သည့် လုပ်သား ၂၆ ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ထွက်ဆိုချက်များအရ အချိန်ပို ည ၁၁ နာရီအထိခိုင်းစေခြင်းမရှိဘဲ ည ၇ နာရီအထိသာ ခိုင်းစေကြောင်း၊ အချိန်ပိုဆင်းချိန်အတွက် ပေးသည့် ထမင်းဖိုး ၂,၅၀၀ိ/- ကျပ်ကို ဖြတ်တောက်ခြင်း မရှိကြောင်း၊ ဥပဒေပါ ခွင့်တစ်မျိုးမျိုးကို တစ်ရက်ခံစားပါက ဒေးကြေး၊ ထောက်ပံ့ကြေး၊ ဂရိတ်ကြေးများ ဖြတ်တောက်ခြင်းမရှိဘဲ ရက်မှန်ကြေး ၂၀,၀၀၀ိ/- ကျပ် ပေးချေကြောင်း၊ Snap ဌာနမှ ဆုကြေးများ ဖြတ်တောက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

