အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ ကျင့်သုံးလက်ရှိသည့် အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေများနှင့်ပတ်သက်၍ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေး အား နေပြည်တော် ရုံးအမှတ်(၅၁) ရှိ အစည်းအဝေးခန်းမ၌ ၂၉-၅-၂၀၁၃ ရက်နေ့ နံနက် (၀၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယ၀န်ကြီး ဦးမြင့်သိန်း ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်း၊ ခုံသမာဓိကောင်စီ အဖွဲ့ဝင် ဦးခင်မောင်ရီ နှင့် ဦးအေးငွေ၊ ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူးနှင့် ဌာနများမှတာဝန်ရှိသူများ၊ဖိတ်ကြားထားသူဥပဒေ ပညာရှင် များ နှင့် ရန်ကုန်မြို့ ILO အဖွဲ့ရုံးမှ Chief Technical Adviser Mr. Ross Wilson , ဘန်ကောက်မြို့ ILO အဖွဲ့ရုံးမှ Legal Expert Mr. Tim De Meyer တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။