အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Covid – 19 ရောဂါကာကွယ်ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင် ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့သည် Covid – 19 ကာလအတွင်း Quarantine ပြုလုပ်ထားသူ အာမခံအလုပ်သမားများအားအသွားအလာကန့်သတ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ကာလကို မကျန်းမာမှုဆေးခွင့်အဖြစ်သတ်မှတ်၍ လည်းကောင်း၊ အာမခံအလုပ်သမားကိုယ်ဝန် ဆောင်မိခင်များအား တစ်ကြိမ်လျှင် (၈)ပတ်မှ အများဆုံး(၂၆)ပတ်ထိမကျန်းမာမှုဆေးခွင့်အဖြစ် သတ်မှတ်ပေးကာထည့်ဝင်ကြေးလစာ၏ ၆၀% အားငွေကြေးအကျိုးခံစားခွင့်အဖြစ် ထုတ်ပေးရန် အတွက် ညွှန်ကြားချက်ထုတ်ပြန်၍ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇)ရက်နေ့ထိစာရင်းများအရ Quarantine ပြုလုပ်ထားသူ အာမခံ အလုပ်သမား (၈၈၅) ဦး နှင့် ကိုယ်ဝန်ဆောင်မိခင် (၅၇၁၀) ဦး ရှိသည့်အနက် Quarantine ပြုလုပ် ထားသူ (၂၁၂)ဦးအားငွေကြေးအကျိုးခံစားခွင့် ၉,၉၀၁,၆၃၁ ကျပ်နှင့် ကိုယ်ဝန်ဆောင်မိခင် (၅၆) ဦး အား ၆,၄၆၃,၉၅၀ ကျပ်တို့ကိုခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ မကျန်းမာမှုဆေးခွင့်ခံစားနေသောQuarantine ပြုလုပ် ထားသူ အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် မကျန်းမာမှု အကျိုးခံစားခွင့် ၆၀%ကိုထုတ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာမှထုတ်ပေးသော Quarantine ရက်ပြည့်ပြီးကြောင်း ထောက်ခံချက်၊ လူမှုဖူလုံရေးဆေးခန်းများမှ ထုတ်ပေးသော ဆေးသက်သေခံလက်မှတ်နှင့်အတူ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဆက်သွယ်၍ ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ယူ နိုင်ကြောင်းသိရသည်။