အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

 

Coronavirus Disease 2019 (COVID -19) နှင့်စပ်လျဉ်း၍

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာဆောင်ရွက်ရန်

အသိပေးထုတ်ပြန်ကြေညာခြင်း

 

၁၃၈၂ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်

(၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်)

 

၁။      ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic)အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ပါသည်။

၂။       သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ပါ သည်။

၃။      စစ်ဆေးမှုများဆောင်ရွက်ရာတွင်အောက်ဖေါ်ပြပါဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်-

(က)    ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊

(ခ)     စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံများ၊

(ဂ)     ကျန်းမာရေးလိုအပ်ချက်များနှင့်ကိုက်ညီပြီး၊ ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊

(ဃ)    လုပ်သားဦးရေ(၁၀၀၀)နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများ၊

(င)     အခြားစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ။

 

 

                                                                                                     အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန