ပြည်ထောင်စုဝန်ကြီးဉီးသိန်းဆွေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် Exchange of Letters လက်မှတ်ရေးထိုးပွဲ တက်ရောက်၊ လက်ငင်းအကျိုးသက်ရောက်စေမည့် စီမံကိန်းများဖန်တီးပေးနိုင်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်ပြောကြား။
နေပြည်တော်၊ မေ ၁၁ ။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက် အကူပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား Exchange…