အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) အခမ်းအနားသို့ တက်ရောက်၍ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်းတို့၌ သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် ပြည်ပနိုင်ငံများသို့အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်များအား အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး
ရန်ကုန် နိုဝင်ဘာ ၁၅ အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊…
ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် အတွင်းရှိလူမှုဖူလုံရေးအဖွဲ့ ဆေးခန်းများ ဒုတိယဝန်ကြီးကွင်းဆင်းစစ်ဆေး
ရန်ကုန်မြို့ နိုဝင်ဘာလ ၁၄ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ် ချုပ်ဆိုဆောင်ရွက်နေသည့် ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်း ရွှေပြည်သာသို့ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့်…
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကျင်းပ
မန္တလေး နိုဝင်ဘာ ၁၁ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ၁၁-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့…
ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် CMP လုပ်ငန်း များကြီးကြပ်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
နေပြည်တော် နိုဝင်ဘာလ ၁၀ အလုပ်သမားဝန်ကြီးဌာန၏ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၁၀:၀၀) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း…
ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ အခြေခံဂဟေဆက်သင်တန်း သင်တန်းသားများအား ဒုတိယဝန်ကြီး ကြည့်ရှုအားပေးခြင်း
ရန်ကုန်မြို့ နိုဝင်ဘာလ ၈ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သို့ ရောက်ရှိပြီး အခြေခံဂဟေဆက်သင်တန်းသားများအား…
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ရွှေပြည်သာစက်မှုဇုန်ရှိ လုပ်ငန်းရှင်များနှင့် HR မန်နေဂျာများအား CMP လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အလေးထားဆောင်ရွက်ရန် တွေ့ဆုံမှာကြား၍ လူမှုဖူလုံရေး အကျိုးခံစားခွင့်များပေးအပ်ခဲ့
ရန်ကုန် နိုဝင်ဘာ ၅ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာ စက်မှုဇုန်၊ ကနောင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာတိုင်းဦးစီးမှူးများ၊…
Test Item Database Administrators သင်တန်းဖွင့်လှစ် ခဲ့ခြင်း
၂၁-၁၀-၂၀၂၂ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Test Item Database Administrators သင်တန်းကို ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား (၁၅) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။
(၂၇)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
နေပြည်တော် အောက်တိုဘာ ၂၉။ (၂၇)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ အလုပ် သမားနှင့် အလုပ်အကိုင်ဆိုင်ရာဌာနမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မှ…

