ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့ညနေ၄:၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြု လုပ်သည့် ILO Virtual Global Summit on COVID-19 and the world of work အစည်းအဝေး၏ Constituents’ Day အခမ်းအနားသို့ နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပါဝင်တက်ရောက်၍ Pre-recorded Video ပေးပို့ပြီး မိန့်ခွန်းပြောကြားသည်။
အဆိုပါ Constituents’ Day အခမ်းအနားတွင် ILO ညွှန်ကြားရေးမှူးချုပ်၊ Mr . Guy Ryder နှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၊ အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များပါဝင်တက်ရောက်ခဲ့ကြပြီး COVID-19 ကပ်ရောဂါကြောင့် အလုပ်အကိုင်…