စက်ရုံ၊ အလုပ်ရုံများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး တို့ ကြည့်ရှုစစ်ဆေး
နေပြည်တော် ၊ဩဂုတ်လ ၂၈ ရက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၈-၈-၂၀၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Handa (Yangon)…