ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြားလမ်း၊ အမှတ် (၈၇/၈၈)ရှိ တရုတ်နိုင်ငံသား Mr. Tao Xu Xu ပိုင်ဆိုင်သော Bontech Manufacturing Co.,Ltd (အထည်ချုပ်စက်ရုံ)နှင့် အလုပ်သမား ဦးကောင်းဆက်ပိုင်တို့အကြားဖြစ်ပွားသော အကြောင်းမဲ့ လုပ်သက်ဖြတ်တောက်ပြီး လုပ်သက်အသစ်ဖြင့် ပြန်လည်ခန့်အပ်ခြင်းကို လက်မခံနိုင်သည့် အငြင်း ပွားမှုနှင့်ပတ်သက်၍ ၂၄-၇-၂၀၂၅ ရက်နေ့နှင့် ၂၈-၇-၂၀၂၅ ရက်နေ့တို့တွင် ရွှေပြည်သာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ညှိနှိုင်းပေးခဲ့မှုအရ အလုပ်ရှင်သည် အလုပ်သမားကို ၁၅-၇-၂၀၂၅ ရက်နေ့မှစ၍ လုပ်သက်အသစ်ဖြင့်ခန့်ခဲ့မှုအပေါ် မူလအလုပ်ဝင်ရက်စွဲဖြစ်သည့် ၁၇-၁-၂၀၂၅ ရက်နေ့ မှစ၍ လုပ်သက်တစ်ဆက်တည်း ပြန်လည်ခန့်ထားပေးခဲ့သဖြင့် ပြေလည်မှုရရှိ၍ နှစ်ဖက်သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါသည်။

