၁၄-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့အထိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၌ ကျင်းပပြုလုပ်သော Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ သင်တန်းဆင်းပွဲကျင်းပခဲ့ရာ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ သင်တန်းသား (၃၁) ဦး၊ သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ မှ သင်တန်းသား (၂) ဦး၊ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ သင်တန်းသား (၂) ဦးနှင့် Virtual စနစ်ဖြင့် ဆောက်လုပ်ရေးဝန်ဆောင် မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီမှ သင်တန်းသား (၂) ဦး စုစုပေါင်း သင်တန်းသား (၃၇) ဦးကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ရာ သင်တန်းနည်းပြ ဆရာ/ ဆရာမများနှင့် NSSA မှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပြီး သူနာပြုသင်တန်းကျောင်း (နေပြည်တော်) မှ ကျောင်းအုပ်ကြီး ဒေါ်သန်းသီဟာသွေးက သင်တန်း သား/သူ များကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူ နည်းစနစ် သင်တန်း) သင်တန်းဆင်းပွဲအခမ်းအနား
Sep 5, 2023