အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၈-၆-၂၀၂၃ ရက်နေ့မှ ၁၂-၆-၂၀၂၃ ရက်နေ့ထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပပြုလုပ်သော Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူ နည်းစနစ်သင်တန်း) ဖွင့်ပွဲအခမ်းအနားကို ၈-၆-၂၀၂၃ ရက်နေ့၊ နံနက် (၁၀: ၀၀) နာရီတွင် Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ နည်းပြ အရာရှိများ၊ သင်တန်းနည်းပြများနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီတို့မှ စေလွှတ်သော သင်တန်းသားများနှင့် Online မှ တက်ရောက်ကြသူများအပါအဝင် စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။